ရာသီဝက်ချန်ပီယံ အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည့် ISPE(B) လူငယ်အသင်း

May 2, 2018

MPT Myanmar National League (U-20) 2018 လူငယ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့အပြီး ရာသီဝက်ချန်ပီယံဆုကို

ISPE(B) (အားကာ/သိပံ္ပ) လူငယ်အသင်းက ဒုတိယနေရာမှ ဒဂုံအက်ဖ်စီအသင်းထက် ၁ မှတ် အသာဖြင့် ရာသီဝက်ချန်ပီယံဘွဲ့ကို သိမ်းပိုက်သွားခဲ့သည်။

ယူ-၂၀ လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ISPE(B) အသင်းအနေဖြင့် ၆ ပွဲကစား၊ ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၁၆ မှတ်ဖြင့်ရာသီဝက် ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

ဒဂုံလူငယ်အသင်းသည် ၆ ပွဲကစား၊ ၅ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်ဖြင့် အမှတ်ပေးဇယား အဆင့် ၂ နေရာနှင့် ယူနီဗာစတီလူငယ်အသင်းက ၆ ပွဲကစား၊ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ဖြင့် အဆင့် ၃ နေရာများတွင် ရပ်တည်နိုင်ခဲ့သည်။

MPT Myanmar National League (U-20) 2018 လူငယ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များကို မေလ ၂၄ ရက်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ပါသည်။