MPT Myanmar National League (U-19) 2018 အသက်(၁၉)နှစ်အောက် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးပွဲစဉ်များအပြီးတွင်လက်ရှိချန်ပီယံရှမ်းယူနိုက်တက် အသင်းသည် ၁၁ ပွဲကစားပြီးချိန်တွင် ၉ ပွဲ နိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ်(၂၈) မှတ်ဖြင့် အဆင့် ၁ နေရာတွင်ရပ်တည်နိုင်ခဲ့ပြီး ရာသီဝက်ချန်ပီယဖြစ်လာခဲ့သည်။ အဆင့် ၂ နေရာတွင် ရတနာပုံအသင်းက ၈ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံး ရမှတ် (၂၅) မှတ်ဖြင့် ရပ်တည်လျှက်ရှိကာ အဆင့် ၃ နေရာတွင် ဆောက်သမ်းမြန်မာအသင်းက ရှစ်ပွဲ နိုင်၊
၁ပွဲ သရေ၊ ၂ပွဲ ရှုံး ရမှတ် ၂၅ မှတ်ဖြင့် ရပ်တည်နေသည်။
အဆင့် ၄ နေရာတွင် မြဝတီအသင်းက ရမှတ် (၂၂) မှတ်ဖြင့်လည်းကောင်း၊ အဆင့် ၅ နေရာတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် (၂၁) မှတ်ဖြင့် လည်းကောင်း၊ အဆင့် ၆ နေရာတွင် ဇွဲကပင်ယူနိုက်တက်အသင်းက ရမှတ် ၁၉ မှတ်ဖြင့် လည်းကောင်း၊
အဆင့် ၇ နေရာတွင် ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ် (၁၂) မှတ်ဖြင့်လည်းကောင်း အသီးသီးရပ်တည်နေကြသည်။