MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ပြီးဆုံးချိန်တွင် ဂိုးသွင်းအများဆုံး ကစားသမားစာရင်း၌ ဆောက်သမ်း ယူ-၂၁ အသင်းမှ ဇော်ဝင်းနိုင်က သွင်းဂိုး ၁၀ ဂိုးဖြင့် ဦးဆောင်နေသည်။
ဆောက်သမ်းအသင်းမှ ဇော်ဝင်းနိုင်သည် ပွဲစဉ် ၁၃ ပွဲကစားပြီးချိန်တွင် အသင်းတွက် ၁၀ ဂိုးသွင်းယူပေးထားပြီး ဂိုးသွင်းအများဆုံး နံပါတ် ၁ နေရာတွင် ဦးဆောင်နေခြင်းဖြစ်သည်။ ဂိုးသွင်းအများဆုံး ဒုတိယ၊ တတိယနှင့် စတုထ္ထနေရာများတွင် မြ၀တီအသင်းမှ သက်ဝေမိုး၊ ဧရာဝတီအသင်းမှ ရာဇာအောင်၊ ဟံသာဝတီအသင်းမှ သက်အောင်တို့က သွင်းဂိုး ၇ ဂိုးစီဖြင့် အသီးသီးရပ်တည်နေကြသည်။ ဂိုးသွင်း အများဆုံး ပဉ္စမနေရာ၌ ISPE(A) အသင်းမှ ထက်အာကာလင်းက သွင်းဂိုး ၆ ဂိုးဖြင့် ရပ်တည်နေသည်။