ယူ-၁၈ လူငယ်လိဂ် ပထမကျော့အပြီး ရာသီဝက်ချန်ပီယံအသင်းအဖြစ် ဒဂုံအသင်း ရပ်တည်

May 4, 2018

MPT Myanmar National League (U-18) 2018 လူငယ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့အပြီးတွင် ဒဂုံ ယူ-၁၈ အသင်းက ရာသီဝက်ချန်ပီယံ အဖြစ် ရမှတ် ၁၅မှတ်ဖြင့် ဒုတိယနေရာမှ ရွိုင်ရယ်သန်လျှင်အသင်းထက် ၃မှတ်အသာ ရကာ ရာသီဝက်ချန်ပီယံ ဖြစ်လာခဲ့သည်။

ယူ-၁၈ လူငယ်ဘောလုံးပြိုင်ပွဲတွင် ဒဂုံအသင်းမှ ၅ပွဲကစား ပြီး ရာနှုန်းပြည့် နိုင်ပွဲရယူကာ ရမှတ် ၁၅မှတ်ဖြင့် ရာသီဝက်ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
ရွိုင်ရယ်သန်လျှင်အသင်းမှ ၅ပွဲကစား၎ပွဲနိုင်ခဲ့ပြီး ဒဂုံအသင်းနှင့်ကစားသည့်ပွဲတွင်ရှုံးခဲ့သည့်အတွက် အမှတ်ပေးဇယားအဆင့်၂တွင်ရပ်တည်နေပြီး အမှတ်ပေးဇယားအဆင့်၃တွင် ၅ပွဲကစား၊ ၃ပွဲနိုင်၊၂ပွဲရှုံးဖြင့်ယူနီဗာစတီအသင်းမှရပ်တည်နိုင်ခဲ့သည်။

MPT Myanmar National League (U-18) 2018 လူငယ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များကို မေလ ၃၀ ရက်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ပါသည်။