AYA Bank Tour 2018 ၏ ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် Leeds United မေ ၁၁ ရက်(ယနေ့) ည ၆း၀၀ နာရီက ၊ မန္တလာသီရိကွင်းတွင် ကစားခဲ့ရာ Leeds United အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ခြေစမ်းပွဲပထမပိုင်းတွင် အိမ်ရှင်မြန်မာအသင်းက Leeds United အသင်းဘက်သို့ ထိုးဖောက်ကစားရန် ကြိုးပမ်းသော်လည်း မထိရောက်ခဲ့ပေ။ Leeds United အသင်းသည် ဂိုးရနိုင်မည့် အခွင့်အရေးအချို့ရခဲ့သော်လည်း ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့သည့်အတွက် ပထမပိုင်းတွင် ဂိုးမရှိသရေကျခဲ့သည်။
ဒုတိယပိုင်း ၅၈ မိနစ်တွင် Leeds United အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ဦးဆောင်ဂိုးကို Ryan David က သွင်းယူပေးခဲ့သည်။ Leeds United အသင်းအတွက် အနိုင်သေချာစေမည့်ဂိုးကို ပွဲချိန် ၈၄ မိနစ်တွင် JAY-Roy Jornell က သွင်းယူပေးခဲ့သည်။ Leeds United အသင်းသည် ပထမခြေစမ်းပွဲတွင် MNL All Stars အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲတွင်မူ မြန်မာ့လက် ရွေးစင်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် ပြန်လည်အနိုင်ရခဲ့ခြင်းဖြစ်သည်။ Leeds United အသင်း လာရောက်ခြေစမ်းသည့် AYA Bank Tour 2018 ခရီးစဉ်ကို ဧရာဝတီဘဏ်မှ စီစဉ်ပံ့ပိုးပေးခြင်းဖြစ်သည်။