အချိန်ပိုတွင် အနိုင်ယူပြီး မောင်တိန်းလိုင်းယွန်း နောက်တစ်ဆင့်တက်ရောက်

May 13, 2018

ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော General Aung San Shield 2018 ပထမအဆင့် ရှုံးထွက်ပွဲစဉ်တစ်ပွဲအဖြစ် မောင်းတိန်းလိုင်းယွန်းအသင်းနှင့် မောရ၀တီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပိုတွင် သွင်းယူခဲ့သည့်ဂိုးများဖြင့် အနိုင်ရရှိကာ မောင်းတိန်းလိုင်းယွန်းအသင်း နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။

မောင်းတိန်းလိုင်းယွန်းနှင့် မောရ၀တီအသင်းတို့ ပွဲစဉ်တွင် မိနစ် ၉၀ အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေခဲ့သဖြင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။

အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာတွင် မောင်းတိန်းလိုင်းယွန်း တိုက်စစ်မှူး အောင်မြတ်သူက အချိန်ပို ဒုတိယပိုင်း ၁၀၆၊ ၁၁၇ မိနစ်များတွင် အနိုင်ဂိုးများ သွင်းယူပေးခဲ့သဖြင့် ပွဲအပြီး ၄-၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မောင်းတိန်းလိုင်းယွန်းအသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ရင်ဆိုင်သွားရမည်ဖြစ်သည်။