ယူ-၂၀ လူငယ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့အား ဇွန်လ ၃ ရက်တွင် ပြန်လည်ကျင်းပသွားမည်

May 14, 2018

MPT Myanmar National League (U-20) 2018 လူငယ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များအား ဇွန်လ ၃ ရက်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ပါသည်။

အဆိုပါ ဒုတိယအကျော့ ပထမဦးဆုံး ပွဲစဉ်၌ ငွေကြယ်ပွင့်လေးများနှင့် မောရ၀တီ၊ ယူနီဗာစတီနှင့် ဒဂုံအက်ဖ်စီ၊ ကချင်ယူနိုက်တက်နှင့် ISPE(B)အသင်းတို့ တွေ့ဆုံနေသည်ကို တွေ့ရသည်။

ပထမအကျော့အပြီးတွင် ISPE(B)အသင်းက ရမှတ် ၁၆ မှတ်ဖြင့် ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပြီး ဒုတိယအကျော့၌ ယင်းရလဒ်ကို ထိန်းသိမ်းသွားနိုင်မည်လား.. သို့မဟုတ် အခြားအသင်းများ၏ ကျော်တက်ခြင်းကို ခံရမည်လား စောင့်ကြည့်သွားရမည်ဖြစ်သည်။