ယနေ့ ယှဉ်ပြိုင်ကစားခဲ့သော ၂၀၁၈ ခုနှစ် အေအက်ဖ်စီဖလား အာဆီယံဇုန် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် အိမ်ရှင် ရန်ကုန်ယူနိုက်တက်(မြန်မာ)အသင်းက ဧည့်သည် ဆီးရက်စ်နီဂရိုးစ်(ဖိလစ်ပိုင်)အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် နှစ်ကျော့ပေါင်းရလဒ် ၆-၅ ဂိုးဖြင့် ဆီးရက်စ်အသင်းက အာဆီယံဇုန်ဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့သည်။
ရန်ကုန်အသင်းအနေဖြင့် ယနေ့ပွဲစဉ်တွင် အိမ်ရှင်အသင်း၏ တစ်ခဲနက် အားပေးမှုဖြင့် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့သည်။ သို့သော်လည်း နောက်တစ်ဆင့်တက်ရောက်ခွင့်အတွက် လုံလောက်သော ရလဒ်ကို ပိုင်ဆိုင်ခဲ့ခြင်း မရှိသဖြင့် ဆီမီးဖိုင်နယ်အဆင့်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက် ၃-၂ ဆီးရက်စ်နီဂရိုးစ် ပွဲစဉ်မှ ပုံရိပ်များ
Photo- ကိုဇေ(MFF)