MPT Myanmar National League 2018 Week-12
ပွဲစဉ်အဖြစ် ယနေ့ ညနေပိုင်းက မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ ရတနာပုံအက်ဖ်စီအသင်းနှင့် မြ၀တီအက်ဖ်စီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်ရတနာပုံအသင်းက ၇ ဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
မြ၀တီအသင်းအနေဖြင့် ယနေ့ပွဲစဉ်၌ ဝေယံဦး၊ ရဲဝေယံစိုး၊ ကောင်းစည်သူ၊ ထွန်းနန္ဒာဦးတို့ဖြင့် ပွဲထွက်လာခဲ့သော်လည်း သိန်းသန်းဝင်း၊ ရဲကိုဦး၊ စည်သူအောင်၊ သက်နိုင်၊ ၀င်းနိုင်စိုး တို့ဖြင့် လူစုံပါဝင်ခဲ့သည့် အိမ်ရှင် ရတနာပုံအသင်းကို ယှဉ်ပြိုင်ကစားနိုင်ခဲ့ခြင်း မရှိဘဲ ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
အိမ်ရှင်ရတနာပုံအသင်းအတွက် အနိုင်ဂိုးများကို ၂၊ ၃၉၊ ၆၄ မိနစ်များတွင် ၀င်းနိုင်စိုး၊ ၁၁ မိနစ်၊ ၃၁ မိနစ် များတွင် လှိုင်းဘိုဘိုနှင့် မြတ်ကောင်းခန့်၊ ၅၄ မိနစ်တွင် သက်နိုင်၊ ၈၄ မိနစ်တွင် ရှိုင်းသူရတို့က အသီးသီး သွင်းယူပေးခဲ့သည်။
ရတနာပုံအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် အဆင့် ၅ နေရာမှ အဆင့် ၄ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး မြ၀တီအသင်းမှာ ပွဲစဉ်(၁၂)အပြီး နိုင်ပွဲရရှိရန် ဆက်လက်ရုန်းကန်နေရဆဲဖြစ်သည်။
Photo – Nyi Nyi Min(MFF)