ရွိုင်ရယ်သန်လျင်-ဒဂုံအက်ဖ်စီ ထိပ်တိုက်တွေ့ဆုံမှု ပွဲစဉ်ပါဝင်နေသည့် MPT Myanmar National League II 2018 ပွဲစဉ်(၈)

May 23, 2018

MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့အား ယခုတစ်ပတ်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ရာ အမှတ်ပေးဇယား ထိပ်ဆုံး မှ ရွိုင်ရယ်သန်လျင်အသင်းနှင့် အဆင့် ၃ နေရာမှ ဒဂုံအက်ဖ်စ်ပွဲစဉ်အပြင်
အကြိတ်အနယ်ရှိ ပွဲစဉ်ကောင်းများ ပါဝင်လျက်ရှိသည်။

မေလ ၂၅ ရက်တွင် ကျင်းပမည့် ပွဲစဉ်(၈)တွင် အမှတ်ပေးဇယား ထိပ်ဆုံးမှ ရွိုင်ရယ်သန်လျင်အသင်းနှင့် ဒဂုံအက်ဖ်စီ၊ ယူနီဗာစတီအသင်းနှင့် မောရ၀တီ၊ ပထမအကျော့တွင် ရလဒ်ကောင်း ရရှိရန် ရုန်းကန်ခဲ့ရသည့် မောင်းတိန်းလိုင်းယွန်းအသင်းနှင့် ငွေကြယ်ပွင့်လေးများအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင် အသင်းများအနေဖြင့် ရာသီဝက်ကြားကာလ၌ ပြင်ဆင်မှု အသီးသီး ပြုလုပ်ထားကြသဖြင့် ဒုတိယအကျော့၌ အဆိုပါ အသင်းများအကြား ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။

ထို့ကြောင့် ယခုတစ်ပတ်တွင် ယှဉ်ပြိုင်သွားမည့် ပွဲစဉ်(၈) ပွဲစဉ်များအား လာရောက်အားပေးကြည့်ရှုနိုင်ပါကြောင်း ပရိသတ်များအား လေးလေးစားစား အသိပေးဖိတ်ခေါ်လိုက်ရပါသည်။

MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲကို Official Partner MPT မှ Title Sponsor အဖြစ် ပံ့ပိုးပေးထားခြင်း ဖြစ်ပါသည်။