ယူ-၂၁ လူငယ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များအား မေလ ၂၆ ရက်တွင် ကျင်းပသွားမည်ဖြစ်

May 24, 2018
MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များအား မေလ ၂၆ ရက်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ပြီး ယခုတစ်ပတ် ပွဲစဉ် (၁၄) တွင် ဟံသာဝတီယူနိုက်တက်နှင့် စစ်ကိုင်းယူနိုက်တက်၊ ရှမ်းယူနိုက်တက်နှင့် ဆောက်သမ်းမြန်မာ၊ ရန်ကုန်ယူနိုက်တက် နှင့် ဂျီအက်ဖ်အေ၊ ISPE(A)နှင့် မကွေးအက်ဖ်စီ၊ ရတနာပုံအက်ဖ်စီ နှင့် မြ၀တီအက်ဖ်စီ၊ ဧရာဝတီယူနိုက်တက် နှင့် MFF Youth၊ ရခိုင်ယူနိုက်တက် နှင့် ဇွဲကပင်ယူနိုက်တက် အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားမည်ဖြစ်သည်။
 
သြဂုတ်လ ၃၁ ရက်အထိ ကျင်းပသွားမည့် ဒုတိယအကျော့ ပွဲစဉ်များကို ပဒုမ္မာကွင်း၊ စလင်းကွင်းနှင့် တောင်ဒဂုံကွင်းများတွင် ကျင်းပသွားမည်ဖြစ်သည်။
 
လက်ရှိ ယူ-၂၁ လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့အပြီးတွင် အမှတ်ပေးဇယားကို ISPE(A) အသင်းက ရမှတ် ၃၄ မှတ်ဖြင့် ဦးဆောင်ထားသည်။