နာကျင်အချိန်ပို သွင်းဂိုးဖြင့် အိမ်ကွင်းတွင် နိုင်ပွဲဆက်ခဲ့သည့် ရခိုင်ယူနိုက်တက်

May 26, 2018
MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-13) ပွဲစဉ်တစ်ပွဲအဖြစ် ရခိုင်ယူနိုက်တက်အသင်းနှင့် စစ်ကိုင်း ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ အိမ်ရှင် ရခိုင်ယူနိုက်တက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ပထမပိုင်း ၃၄ မိနစ်တွင် ရခိုင်ယူနိုက်တက်အသင်းမှ ပင်နယ်တီ ရရှိခဲ့သော် လည်း တိုက်စစ်မှူး ဆန်းဒေး၏ ကန်သွင်းမှုကို စစ်ကိုင်းယူနိုက်တက် အသင်း ဂိုးသမားမှ ပုတ်ထုတ်ကာကွယ်ခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်း စလုံး အပြန်အလှန် ကစားနိုင်ခဲ့ပြီး ဂိုးမရှိသရေဖြင့် ပြီးခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ပထမပိုင်းကဲ့သို့ပင် အခွင့်အရေး ကိုယ်စီရခဲ့ သော်လည်း မိနစ် ၉၀ ပြည့်သည်အထိ ဂိုးအဖြစ် မပြောင်းနိုင်ခဲ့ကြပေ။ သို့သော် နာကျင်အချိန်ပို ၉၀+၃ မိနစ်တွင် ရခိုင်ယူနိုက်တက်အသင်းမှ ပင်နယ်တီဧရိယာထိပ်တွင် ပြစ်ဒဏ်ဘောရရှိခဲ့ပြီး Akakapo မှ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့သည်။ ထို့ကြောင့် ရခိုင်ယူနိုက်တက်အသင်းသည် ပွဲပြီး ဆုံးချိန်တွင် တစ်ဂိုး ဂိုးမရှိဖြင့် စစ်ကိုင်းယူနိုက်တက်အသင်းအား အနိုင်ရ ခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် စစ်ကိုင်းအသင်းကို အနိုင်ရခဲ့ သည့်အတွက် ၁၃ ပွဲ ကစားပြီးတွင် ခြောက်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ ငါးပွဲ ရှုံး ရမှတ် ၂၀ မှတ်ရရှိကာ အဆင့် ၅ သို့ တက်လှမ်းနိုင်ခဲ့သည်။