MPT University Football Tournament 2018 ဘောလုံးပြိုင်ပွဲ (အောက်မြန်မာပြည်ဇုန်) အမျိုးသမီးပွဲစဉ် တတိယလုပွဲအဖြစ် မေ ၃၀ ရက်(ယနေ့) နံနက် ၈း၀၀ နာရီက မော်လမြိုင်ဇုန်အသင်းနှင့် ရန်ကုန်ဇုန်အသင်းတို့ ကစားခဲ့ရာ စုလင်းလတ်၏ သွင်းဂိုးတစ်ဂိုးတည်းဖြင့် ရန်ကုန်ဇုန်အသင်းက တတိယရရှိသွားခဲ့သည်။
ရန်ကုန်ဇုန်အမျိုးသမီးအသင်း
အဆိုပါပွဲတွင် မော်လမြိုင်ဇုန်အသင်းမှ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ရန်ကုန်ဇုန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၈ မိနစ်တွင် စုလင်းလတ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး ဗိုလ်လုပွဲစဉ်အဖြစ် မေ ၃၀ ရက်(ယနေ့) ညနေ ၃း၀၀ ၊ တက္ကသိုလ်များဘောလုံးကွင်း၌ပင် ပုသိမ်ဇုန်အသင်းနှင့် ဒဂုံဇုန်အသင်းတို့ ယှဉ် ပြိုင်ကစားကြမည်ဖြစ်သည်။
မော်လမြိုင်ဇုန်အမျိုးသမီးအသင်း