ဒုတိယပိုင်း သွင်းဂိုးများဖြင့် ဗိုလ်စွဲခဲ့သည့် Pathein Zone အသင်း

May 30, 2018

MPT University Football Tournament 2018 ဘောလုံးပြိုင်ပွဲ (အောက်မြန်မာပြည်ဇုန်) အမျိုးသမီး ဗိုလ်လုပွဲစဉ်အဖြစ် မေ ၃၀ ရက် (ယနေ့ ) ညနေက Dagon Zone အသင်းနှင့် Pathein Zone အသင်းတို့ ကစားခဲ့ရာ Pathein Zone အသင်းက ဒုတိယပိုင်းသွင်းဂိုးများ ဖြင့်  ဗိုလ်စွဲသွားခဲ့သည်။

Dagon Zone အမျိုးသမီးအသင်း

အဆိုပါပွဲ ပထမပိုင်းတွင် နှစ်သင်းစလုံးမှ အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြသော်လည်း ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ပေ။ ဒုတိယပိုင်း အစတွင် Dagon Zone အသင်းမှ ဖိကစားခဲ့သော်လည်း မိနစ်ကြာလာသည်နှင့်အမျှ ကစားအားကျလာခဲ့ပြီး Pathein Zone အသင်းက ပြန်လည် ဖိအားပေးကစားနိုင်ခဲ့သည်။ ပွဲချိန် ၈၄ မိနစ်တွင် Pathein Zone အသင်းမှ ပင်နယ်တီရရှိခဲ့ပြီး အဆိုပါပင်နယ်တီကို Pathein Zone အသင်း တိုက်စစ်မှူး နှင်းအိဖြူက အမှားအယွင်းမရှိ ကန်သွင်းခဲ့သည်။ Pathein Zone အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၉၀+၃ မိနစ်တွင် နှင်းအိဖြူက ထပ်မံသွင်းခဲ့သည်။ လက်ကျန်မိနစ်များတွင် Dagon Zone အသင်းမှ ချေပဂိုး ပြန်လည် မသွင်းနိုင်ခဲ့သည့်အတွက် Pathein Zone အသင်းက အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။

အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် မေ ၃၁ ရက် ညနေ ၃း၀၀ နာရီ၊ တက္ကသိုလ်များဘောလုံးကွင်းတွင် ပုသိမ်ဇုန်အမျိုးသားအသင်းနှင့် ဒဂုံဇုန် အမျိုးသားအသင်းတို့ ထပ်မံကစားမည်ဖြစ်သည်။

 

ဗိုလ်စွဲခဲ့သည့် ပုသိမ်ဇုန်အမျိုးသမီးအသင်း