MPT University Football Tournament 2018 ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

May 31, 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ အဆင့်မြင့်ပညာဦးစီးဌာန နှင့် MPT တို့ ပူးပေါင်းကျင်းပသည့် MPT University Football Tournament 2018 (ဇုန်အလိုက် အောက်မြန်မာပြည်) ဆုချီးမြှင့်ခြင်း အခမ်းအနားနှင့် နောက်ဆုံးအမျိုးသား ဗိုလ်လုပွဲစဉ်ကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်ဘောလုံးကွင်း(သထုံကွင်း) ၌ ကျင်းပခဲ့သည်။

ယနေ့ပွဲစဉ်သို့ တက္ကသိုလ်၊ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကထိကများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အဘက်ဘက်မှ ပံ့ပိုးပေးကြသည့် စပွန်ဆာ ကုမ္ပဏီများ မှ တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စာနယ်ဇင်း မီဒီယာများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနား မတိုင်မီ အမျိုးသား နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ပုသိမ်ဇုန်အသင်းနှင့် ဒဂုံဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဒဂုံဇုန်အသင်းက လေးဂိုးပြတ်အနိုင်ရရှိသွားခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ MPT University Football Tournament 2018 အမျိုးသမီး ပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံးဆုရရှိသည့် ပုသိမ်ဇုန်အသင်းမှ ကျောနံပါတ် (၉) ဝေသရဖူလွင် ကို ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ အား ဟင်္သာတတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမာလာကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆု ရရှိသည့် ရန်ကုန်ဇုန်အသင်းမှ ကျောနံပါတ် (၈) စုလင်းလတ် အား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ အား ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်မှလည်းကောင်း၊ နောက်တန်းအကောင်းဆုံးဆု ရရှိသည့် ဒဂုံဇုန်အသင်းမှ ကျောနံပါတ် (၄) အိအိဖြူအား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀ အား ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းထွန်းမှလည်းကောင်း၊ ဂိုးသမားအကောင်းဆုံးဆု ရရှိသည့် ဒဂုံဇုန်အသင်းမှ ကျောနံပါတ် (၁၈) ယမင်းအား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကို JCB Country Manager မစ္စတာဖူဂျီမှလည်းကောင်း၊ ဂိုးသွင်းအများဆုံးဆု ရရှိသည့် ပုသိမ်ဇုန်အသင်းမှ ကျောနံပါတ် (၉) ဝေသရဖူလွင် ( ၅ ဂိုး) အား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကို Myanmar Golden Rock International မှ အထွေထွေမန်နေဂျာ ဦးသီဟဇော်မှလည်းကောင်း၊ ပွဲစဉ်တစ်လျောက် အကောင်းဆုံးဆု ရရှိသည့် ပုသိမ်ဇုန်အသင်းမှ ကျောနံပါတ် (၈) နှင်းအိဖြူအား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Deputy General Manager ဦးမျိုးသန်းမှလည်းကောင်း ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသည့် ရန်ကုန်ဇုန်အသင်းအား တစ်ဦးချင်းကြေးတံဆိပ်နှင့် ဆုကြေးငွေကျပ် (၃) သိန်းကို ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်မှလည်းကောင်း၊ ဒုတိယဆု ရရှိသည့် ဒဂုံဇုန်အသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ် (၅) သိန်းအား ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်မှလည်းကောင်း ပေးအပ်ခဲ့သည်။ ထို့နောက် ဦးစောချစ်သူ(ချစ်သူမြိုင် အပန်းဖြေဥယျာဉ်) ကရင်ပြည်နယ်၊ ဘားအံမြို့မှ လှူဒါန်း ပေးအပ်သည့် ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် အမျိုးသမီးအသင်းအား ကျပ်(၂) သိန်း၊ ပထမဆု ရရှိသည့် အမျိုးသမီးအား ငွေကျပ် ကျပ် (၅) သိန်း လှူဒါန်းပေးအပ်ရာ ဦးစောချစ်သူ ကိုယ်စား မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်မှလည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ဇုန်အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ် (၁၀) သိန်း ချီးမြှင့်ခြင်းကို MPT စီမံခန့်ခွဲရေး အရာရှိချုပ် ဒုတိယအမှုဆောင် ဦးသိန်းဟုပ် မှလည်းကောင်း၊ တံခွန်စိုက်ဆုဖလားကို ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်လှမှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

MPT University Football Tournament 2018 အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံးဆု ရရှိသည့် ပုသိမ်ဇုန်အသင်းမှ ကျောနံပါတ် (၁၀) ဇင်မင်းထက်အား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ကို
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ Deputy General Manager ဦးကျော်သက်မှလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆု ရရှိသည့် ပုသိမ်ဇုန်အသင်းမှ ကျောနံပါတ် (၁၉) စောပြည့်မှူး အား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Deputy General Manager ဦးမျိုးသန်းမှလည်းကောင်း၊ နောက်တန်းအကောင်းဆုံးဆုနှင့် အကောင်းဆုံးဂိုးသမားဆု ရရှိသည့် ဒဂုံဇုန်အသင်းမှ ကျောနံပါတ်(၃) အောင်ဇာနည်ဦး၊ နှင့် ထက်လင်းဦးတို့အား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ အား MPT Joint Operation မှ DGM Mr.Sombet မှလည်းကောင်း၊ ဂိုးသွင်းအများဆုံးဆုနှင့် ပွဲစဉ်တစ်လျောက် အကောင်းဆုံး ရရှိသည့် ဒဂုံဇုန်အသင်းမှ ကျောနံပါတ် (၁၀) မိုးကျော်ကျော်ဟိန်း
အား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆု ရရှိသည့် ရန်ကုန်(အနောက်)အသင်းအား တစ်ဦးချင်း ကြေးတံဆိပ်နှင့် ဆုကြေးငွေကျပ် (၃) သိန်း ချီးမြှင့်ခြင်းကို MPT Joint Operation မှ ဒုတိယအရာရှိချုပ် ဦးနိုင်ကိုကိုမှ လည်းကောင်း၊ ဒုတိယဆု ရရှိသည့် ပုသိမ်ဇုန်အသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ် (၅) သိန်းကို အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေ၀င်းဦးမှ လည်းကောင်း၊ ဦးစောချစ်သူ(ချစ်သူမြိုင်အပန်းဖြေဥယျာဉ်) ကရင်ပြည်နယ်၊ ဘားအံမြို့မှ လှူဒါန်းသည့် ဒုတိယဆု ရရှိသည့်အသင်းအတွက် ငွေကျပ် ၂ သိန်းနှင့် ပထမဆု ရရှိသည့် အသင်းအား ငွေကျပ် ၅ သိန်း အတွက် ကိုယ်စား ပေးအပ် ခြင်းကို ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစီစီဘူးမှလည်းကောင်း၊ ပထမဆုရရှိသည့် ဒဂုံဇုန်အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့် ဆုကြေးငွေချီးမြှင့်ခြင်းကို ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်လှမှ လည်ကောင်း၊ တံခွန်စိုက်ဆုလား ချီးမြှင့်ခြင်းကို MPT Joint Operations မှ Chief Operating Officer Mr. Yoshiaki Benino မှလည်းကောင်းအသီးသီး ပေးအပ်ချီးမြှင့် ပေးအပ်ခဲ့ကြသည်။