MPT University Football Tournament 2018 ဘောလုံးပြိုင်ပွဲ (အောက်မြန်မာပြည်ဇုန်) အမျိုးသားပွဲစဉ် တတိယလုပွဲအဖြစ် မေ ၃၁ ရက်(ယနေ့) နံနက်က တက္ကသိုလ်များဘောလုံးကွင်းတွင် West Yangon Zone အသင်းနှင့် စစ်တွေဇုန်အသင်းတို့ ကစားခဲ့ရာ West Yangon Zone အသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တတိယရရှိခဲ့သည်။
West Yangon Zone အသင်းအတွက် အနိုင်ဂိုးများကို ၉ မိနစ်တွင် မိုးမြင့်သော်ကလည်းကောင်း၊ ၅၀ မိနစ်တွင် စိုင်းဝဏ္ဏက လည်းကောင်း၊ ၇၁ မိနစ်တွင် သန့်ဇင်ဖြိုးက လည်းကောင်း အသီးသီး သွင်းယူပေးခဲ့သည်။
အမျိုးသားပွဲစဉ် ဗိုလ်လုပွဲအဖြစ် မေ ၃၁ ရက်(ယနေ့) ညနေ ၃း၀၀ နာရီ၊ တက္ကသိုလ်များဘောလုံးကွင်းတွင် ပုသိမ်ဇုန်အသင်းနှင့် ဒဂုံဇုန် အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။