တစ်ယောက်လျော့ မြ၀တီအသင်းကို ၉-၀ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ဟံသာဝတီအသင်း

June 2, 2018

မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲ၌ စံချိန်တင် ရလဒ်လည်းဖြစ်
= = = = = = = = = = = = = = = = = = = ==
ဒီကနေ့ MPT Myanmar National League 2018 Week 14 ပွဲစဉ်မှာ ဟံသာဝတီယူနိုက်တက်အသင်းက ပြိုင်ဘက် မြ၀တီအသင်းအပေါ် ဂိုးမိုးရွာပြီး အိမ်ကွင်းမှာ ( ၉-၀ ) နဲ့ ဂိုးပြတ် နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

ပဲခူးမြို့ရှိ Grand Royal ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဟံသာဝတီအသင်းက မာ့ခ်ဆာကီ၊ ဂျိုးဇက်တို့ကို ရှေ့မှာထားပြီး ပွဲစကတည်းက တိုက်စစ်ဆင် ကစားခဲ့လို့ ၆ မိနစ်မှာပင် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ဧည့်သည် မြ၀တီအသင်းအနေနဲ့ တိုက်စစ်မှူး ရဲဝေယံစိုးကို ရှေ့မှာထားပြီး တန်ပြန်တိုက်စစ်နဲ့ ကစားဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်တန်းအားနည်းမှုကြောင့် မအောင်မြင်ခဲ့ပါဘူး။ ပထမပိုင်းမပြီးခင် ၄၃ မိနစ်မှာတင်
အားထားရတဲ့ အသင်းခေါင်းဆောင် ရဲဝေယံစိုး တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ အသင်းရဲ့ အခြေအနေက ပိုမိုဆိုးရွားသွားခဲ့တာပါ။ ဒါကြောင့်ပဲ ဟံသာဝတီအသင်းက ပထမပိုင်းမှာ ရွှေလှိုင်ဝင်း ၆၊ ၁၅မိနစ်၊ ပိုင်မိုးဝေ ၁၁ မိနစ်၊ ဂျိုးဇက် ၂၉၊ ၄၀ မိနစ်တွေမှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မြ၀တီအသင်းက အသင်းရဲ့ အခြေအနေကို ပြန်လည်ကုစားဖို့ လူစားလဲ ထည့်သွင်းအသုံးပြုခဲ့ပါသေးတယ်။ သို့သော်လည်း ဟံသာဝတီအသင်းရဲ့ တရစပ်တိုက်စစ်ဆင်မှုတွေကြောင့် ဒုတိယပိုင်းမှာ လေးဂိုး
ထပ်မံခွင့်ပြုခဲ့ရခြင်း ဖြစ်ပါတယ်။

ဟံသာဝတီအသင်းအတွက် ဒုတိယပိုင်းသွင်းဂိုးတွေကို မာ့ခ်ဆာကီက နှစ်ဂိုး၊ ကျော်ဇေယျက တစ်ဂိုးနဲ့ ဂျိုးဇက်က တစ်ဂိုးထပ်မံ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မြ၀တီအသင်းကတော့ ပွဲစဉ်(၁၂)မှာ ရတနာပုံကို ၇ ဂိုးပြတ် ရှုံးနိမ့်မှုအပြီး ဒုတိယမြောက် ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။
MPT MNL 2018 Week 14
Hantharwady 9-0 Myawady FC (FT)
Shwe Hlaing Win 6′, 15′
Paing Moe Wai 11′
Joseph 29′, 40′, 59′
Mark Sekyi 48′, 57′
Kyaw Zay Ya 64′

Image may contain: 6 people, people playing sports, sky, outdoor and nature