MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-14) ပွဲစဉ်တစ်ပွဲအဖြစ် ဇွန် ၃ ရက်(ယနေ့) ညနေ
က မော်လမြိုင်ကွင်းတွင် ဆောက်သမ်းအသင်းနှင့် ဇွဲကပင်အသင်းတို့ ကစားခဲ့ရာ အိမ်ရှင်အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပွဲချိန် ၁၃ မိနစ်တွင် ဆောက်သမ်းအသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ထူးထူးအောင်က သွင်းပေးခဲ့သည်။ ပွဲချိန် ၂၉ မိနစ်တွင်
အိမ်ရှင်ဆောက်သမ်းမှ ဒုတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ကောင်းစည်သူက သွင်းယူပေးခဲ့သည်။ ဇွဲကပင်အသင်းသည် ပထမပိုင်း
တွင် ကစားပုံမကောင်းခဲ့ဘဲ အိမ်ရှင်အသင်းက ကစားပုံပိုမိုကောင်းခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် ဇွဲကပင်အသင်းမှ ကစားပုံ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ချေပဂိုးများရရှိရန် ကြိုးပမ်းခဲ့သည်။
ပွဲချိန် ၅၇ မိနစ်တွင် ဇွဲကပင်အသင်းမှ ပင်နယ်တီရခဲ့ပြီး တိုက်စစ်မှူး ဖွန်ဆီကာက အမှားအယွင်းမရှိ ကန်သွင်းပေးခဲ့သည်။ ပွဲချိန်
၆၅ မိနစ်တွင် ဆောက်သမ်းအသင်းမှ တတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ကောင်းစည်သူမှပင် ထပ်မံသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
လက်ကျန်မိနစ်များတွင် ဇွဲကပင်အသင်းမှ ချေပဂိုးထပ်မံ မသွင်းနိုင်ခဲ့သဖြင့် အိမ်ရှင်ဆောက်သမ်းအသင်းမှ ၃-၁ ဂိုးဖြင့် အနိုင်ရ
သွားခဲ့သည်။