MNL အသင်းများ၏ နောက်ဆုံးရသတင်းများ၊ ဂိုးရလဒ်များနှင့် ပွဲစဉ်များကို ဖော်ပြပေးမည့် MPT-MNL App အက်ပလီကေးရှင်းအသစ်ကို MPT စတင်မိတ်ဆက်

June 5, 2018

မြန်မာနေရှင်နယ်လိဂ်၏ မိတ်ဖက်ပါတနာဖြစ်သော MPT မှ မြန်မာနေရှင်နယ်လိဂ်(MNL) အသင်းများ၏ နောက်ဆုံးရသတင်းများ၊ ဂိုးရလဒ်များနှင့် ပွဲစဉ်အခြေအနေများကို ဖော်ပြပေးမည့် အက်ပလီကေးရှင်းအသစ်ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘောလုံးအားကစား
ပရိသတ်များထံ စတင်မိတ်ဆက်လိုက်သည်။

မြန်မာနေရှင်နယ်လိဂ်၏ နောက်ဆုံးရသတင်းများအပြင် အခြားသတင်းအကြောင်းအရာများကို အချိန်နှင့် တစ်ပြေးညီ ဝေေ၀ဆာဆာ တင်ဆက်ဖော်ပြပေးမည့် အဆိုပါ အက်ပလီကေးရှင်း မိတ်ဆက်ခြင်း
အခမ်းအနားကို ယနေ့ ဇွန်လ ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်ရှိ ပုသိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီအိုအို ဦးဆူးအောင်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်နှင့် မြန်မာနေရှင်နယိလိဂ်မှ တာဝန်ရှိသူများ| MPT Joint Operating COO Mr. Yoshiaki Benino၊ MPT- KSGM Joint Operation မှ Chief Commercial Officer Mr. Reizo Umeda ၊ MPT Joint Operation မှ Deputy Chief Commercial Officer ဦးသိန်းဟုပ် နှင့် အခြားတာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းများမှ စီအီးအိုများ၊ အထွေထွေမန်နေဂျာများ၊ ကစားသမားများ၊ စာနယ်ဇင်း မီဒီယာများနှင့် အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

MPT Joint Operation မှ Deputy Chief Commercial Officer ဦးသိန်းဟုပ်က ” နိုင်ငံတွင်းမှာ စိတ်ဝင်စားမှု တိုးတက်လာမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေနဲ့ နိုင်ငံတွင်းက ဘောလုံးအားကစား ကြိုက်နှစ်သက်တဲ့သူတွေကြားမှာ ပေါင်းကူးသဖွယ်ဆောင်ရွက်ပေးမယ့် အက်ပလီကေးရှင်းကို MPT နဲ့ MNL က ပူးပေါင်းဆောင်ရွက်ပေးလိုက်ပါပြီ။ ဒါဟာဘောလုံးဝါသနာရှင်တွေအတွက် အထူးပဲ အကျိုးပြုမယ့် အက်ပလီကေးရှင်းလည်းဖြစ်ပါတယ်။ မိုဘိုင်းအက်ပလီကေးရှင်းကိုသုံးပြီး မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးရသတင်းတွေကို သိရှိခွင့်ရမယ်။ ကိုယ်ကြိုက်တဲ့ ကစားသမားတွေရဲ့အကြောင်းကို လွယ်လွယ်ကူကူနဲ့ လေ့လာဖတ်ရှုနိုင်ပါမယ်။ ဒါ့အပြင် ပွဲကြိုသုံးသပ်ချက်တွေ၊ ဂိုးရလဒ်တွေ၊ ပွဲဟိုင်းလိုက်တွေကို ဝေေ၀ဆာဆာ သိရှိနိုင်တော့မှာလည်းဖြစ်ပါတယ်။ သုံးစွဲသူတွေ လက်ထဲ အခု App မိတ်ဆက်ပေးနိုင်ခဲ့ခြင်းအတွက် အထူးပဲ ၀မ်းမြောက်မိပါတယ်။ ဒီ App ကနေ သုံးစွဲသူတွေထံ ပျော်ရွှင်ဖွယ်ရာ ဂိမ်း အစီအစဉ်တွေ၊ ကံကောင်းခြင်း လက်ဆောင်တွေ ဆောင်ကျဉ်းလာမှာလည်း ဖြစ်ပါတယ်။ App စတင်မိတ်ဆက်နိုင်ခဲ့ခြင်းနဲ့အတူ မြန်မာ့ဘောလုံးအားကစား ရွှေခေတ်တစ်ဖန် ပြန်လည် ရောက်ရှိပါစေဟု ဆုတောင်းပါးတယ်” အဆိုပါ အက်ပလီကေးရှင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်း
မိတ်ဆက်ပြောဆိုခဲ့သည်။

MPTသုံးစွဲသူများအနေဖြင့် အပတ်စဉ် အမေးအဖြေကဏ္ဍတွင် ပါဝင်ခန့်မှန်းဖြေဆိုပြီး MNL ကစားသမားများ ပုံရိပ်များ ပါဝင်သော အထူးငွေဖြည့်ကတ်နှင့် အခြား အထူးပြု လက်ဆောင်များ ရယူနိုင်မည့်ရယူနိုင်မည့် အခွင့်အရေးများပါ ရရှိလာမည်ဖြစ်သည်။

ထိုကဲ့သို့ နှင့် ပြည်တွင်းဘောလုံးလောက၏ စိတ်လှုပ်ရှားဖွယ်ရာ တိုးတက်မှုများကို ပရိသတ်ရှေ့မှောက်သို့ ဆောင်ကျဉ်းလာပေးမည့် MPT-MNL App အက်ပလီကေးရှင်းအသစ် မိတ်ဆက်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က
” ယနေ့အခမ်းအနားက ဘောလုံးလောကအတွက် လိုအပ်နေတဲ့ ထောင့်ပေါင်းများစွာထဲက တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းပေးမယ့် App ဖြစ်ပါတယ်။ ဒါဟာ MPT ရဲ့ စေတနာနဲ့ ကျွန်တော်တို့ မြန်မာနေရှင်နယ်လိဂ် အတွက်၊ မြန်မာ့ဘောလုံးလောကအတွက်၊ ဘောလုံးချစ်တဲ့ ပရိသတ်တွေအတွက် ထပ်မံပြီးတော့ ဖြည့်ဆည်းပေးတဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ တစ်ချိန်ကဆို မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိတဲ့ ဘောလုံးပရိသတ်များအနေနဲ့ ဘောလုံးပွဲတွေကို ရုပ်မြင်သံကြားကနေပဲ အားကိုးပြီး ကြည့်ရှုခဲ့ရတာပါ။ အခုအချိန်မှာတော့ ခေတ်စနစ်တွေအရ ဖုန်းလုံးတစ်လုံး ရိုရုံနဲ့ ဘောလုံးပွဲတွေကို Live ကြည့်ရှုခွင့်ရနေပါပြီ။ ဒီ App ကို မိတ်ဆက်ပေးတဲ့ MPT ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ဒါ့အပြင် App ကနေ အမြဲတမ်းကြည့်ရှုနိုင်အောင် ထားရှိပေးသွားမယ့် အစီအစဉ်အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ယင်းနောက် MPT- KGSM Joint Operations Markeing Director ဦးခင်မောင်မြင့်မှ ” ရှေ့သို့လှမ်းချီ… မျိုးဆက်သစ်တို့ဆီ” ဆောင်ပုဒ်ဖြင့် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနေရှင်နယ်လိဂ် ၁၊ မြန်မာနေရှင်နယ်လိဂ် ၂၊ သက်တမ်းအလိုက်ပြိုင်ပွဲများ၊ ယူနီဗာစတီဘောလုံးပြိုင်ပွဲများ၊ အသက် ၁၄ နှစ်အောက်
ဘောလုံးပြိုင်ပွဲများနှင့် Grasroots များအတွက် ၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အထိ MNL နှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် နားလည်မှု စာချွန်လွှာရေးထိုးထားသည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ MPT Products ဌာနမှ ဦးကျော်ထက်လင်းမှ MPT-MNL App အက်ပလီကေးရှင်းအသစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဘောလုံးသမားများမှ သက်ဆိုင်ရာကလပ်အသင်းများအကျီ င်္ပေါ်၌ အမှတ်တရလက်မှတ်ရေထိုးပေးခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ဆက်လက်ပြီးတက်ရောက်လာသည့် ပုဂ္ဂိုလ်များအတွက် ကံစမ်းအစီအစဉ်များ မဲနှိုက်ရွေးချယ်ပေးခြဲ့ပီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

MPT သည် မြန်မာနိုင်ငံအနှံ့အပြားမှ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ လူငယ်လူရွယ်များအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်၏ ဝေေ၀ဆာဆာသတင်းတင်ဆက်မှုများနှင့် ပြည်တွင်းဘောလုံးလောက၏ စိတ်လှုပ်ရှားဖွယ်ရာ တိုးတက်မှုများကို ပရိသတ်ရှေ့မှောက်သို့ ဆောင်ကျဉ်းလာပေးမည့် MPT-MNL App အက်ပလီကေးရှင်းအသစ်ကို Google Play Store နှင့် MPT လိုတရ၀က်ဆိုဒ်မှ တစ်ဆင့် ဒေါင်းလုတ်ရယူနိုင်မည့်အပြင် *3101#သို့ ခေါ်ဆို၍လည်း
ဒေါင်းလုတ်လင့်ခ်ကို ရယူနိုင်မည်ဖြစ်ပါသည်။