တစ်ယောက်လျော့အနေအထားဖြင့် ရတနာပုံကို အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် စစ်ကိုင်းယူနိုက်တက်အသင်း

June 6, 2018

ယနေ့ ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော General Aung San Shield 2018 (Second Stage) ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် စစ်ကိုင်းယူနိုက်တက်အသင်းက ရတနာပုံအသင်းကို အချိန်ပိုတွင် သွင်းယူခဲ့သည့်ဂိုးဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့သည်။

ရတနာပုံအက်ဖ်စီအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် မိနစ် ၉၀ အတွင်း တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေသဖြင့် အချိန်ပို ၁၅ မိနစ်စီ ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ အချိန်ပို ပထမပိုင်းတွင် သီဟဇော်က ပိုင်ပိုင်နိုင်နိုင်အသုံးချကာ စစ်ကိုင်းအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို
သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းယူနိုက်တက်အသင်းသည် ယနေ့ပွဲစဉ်တွင် ၅၃ မိနစ်တွင် ပြည့်စုံအောင် ၂ ၀ါ ၁ နီဖြင့် ထုတ်ပယ်ခံခဲ့ရသဖြင့် လက်ကျန်အချိန်များတွင် ရတနာပုံအသင်းကို တစ်ယောက်လျော့ဖြင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း စစ်ကိုင်းအသင်းအနေဖြင့် ကစားအား လျော့မသွားဘဲ ရတနာပုံအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီးနောက် နောက်တစ်ဆင့်ကို
တက်ရောက်ခွင့် ရရှိခဲ့ခြင်းလည်းဖြစ်သည်။

နာမည်ကြီး ရတနာပုံအသင်းအနေဖြင့် ယနေ့ပွဲစဉ်၌ လူစုံထုတ်ယှဉ်ပြိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်းအပေါ် အသာမရခဲ့ဘဲ ယခုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

စစ်ကိုင်းယူနိုက်တက်အသင်းမှာ ကွာတားဖိုင်နယ်အဆင့်တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရင်ဆိုင်သွားရမည်ဖြစ်သည်။

Yadanarbon FC 1-2 Sagaing United
Pyae Sone Aung 53′(Sagaing)
Thein Than Win 70′(Yadanarbon)
Thiha Zaw 95′