ရတနာပုံအသင်းကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးက အသင်းနှင့် အမှတ်ကွာဟမှု လျော့ချနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်

June 10, 2018

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရှမ်းယူနိုက်တက်အသင်းအနေနဲ့ အဝေးကွင်းမှာ ရတနာပုံအသင်းကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးက ရန်ကုန်အသင်းနဲ့ အမှတ်ကွာဟမှုကို လျော့ချနိုင်ခဲ့ပါတယ်။

MPT Myanmar National League 2018 ပွဲစဉ်(၁၅) အဖြစ် ဒီကနေ့ မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်းက ရတနာပုံအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရှမ်းအသင်းအတွက် ရတနာပုံအသင်းတိုက်စစ်မှူးဟောင်း ဒွေးကိုကိုချစ်က နှစ်ဂိုးနဲ့ တိုက်စစ်မှူး ခရစ္စတို့က တစ်ဂိုး သွင်းယူပေးခဲ့ပြီး ရတနာပုံအသင်းအတွက် ၀င်းနိုင်စိုးနဲ့ ၀င်းနိုင်ထွန်းတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။

Yadanarbon FC 2-3 Shan United (FT)
Dway Ko Ko Chit 47′. 60′
Christopher 63′
Win Naing Soe 59′(Yadanarbon)
Win Naing Tun 73′ (Yadanarbon)