တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ချီးမြှင့်
————————–
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ အဆင့်မြင့်ပညာဦးစီးဌာန နှင့် MPT တို့ ပူးပေါင်းကျင်းပသည့် MPT – University Football Tournament 2018 (ဇုန်အလိုက် အထက်မြန်မာပြည်) နောက်ဆုံးအမျိုးသား ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းက မန္တလေးမြို့၊ ဗထူးကွင်း၌ ကျင်းပခဲ့သည်။
ယနေ့အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ MPT Joint Operation မှ Deputy Chief Operationg Offcier ဦးနိုင်ကိုကို၊ MPT ဥပဒေရေးရာနှင့် ညှိနှိုင်းရေးရာဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးမျိုးသန်းနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး တက္ကသိုလ်ဘောလုံးဆပ်ကော်မတီဥက္ကဌဒေါက်တာတင်ထွန်းအောင်နှင့် တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝနှ်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်နှင့် ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အဘက်ဘက်မှ ပံ့ပိုးပေးကြသည့် စပွန်ဆာ ကုမ္ပဏီများ မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းသားများနှင့် ဘောလုံးအားကစား ၀ါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စာနယ်ဇင်း မီဒီယာများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနား မတိုင်မီ အမျိုးသား နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မန္တလေးဇုန်အသင်းနှင့် အသင်းနှင့် မုံရွာဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးဇုန်အသင်းက ၅-၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ MPT Joint Operation မှ Deputy Chief Operationg Offcier ဦးနိုင်ကိုကို၊ MPT ဥပဒေရေးရာနှင့် ညှိနှိုင်းရေးရာဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးမျိုးသန်းနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် MPT မှ တာဝန်ရှိသူများက တစ်ဦးချင်း ကောင်းဆုံးဆုများ၊ ဆုကြေးငွေများ နှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် MPT တို့ ပူးပေါင်းကျင်းပသည့် MPT University Football Tournament 2018 (အထက်မြန်မာပြည်ဇုန်) ပြိုင်ပွဲ၌ ဆုရရှိသူများ
=====================
ပထမ – မန္တလေးဇုန်(အမျိုးသား)
ဒုတိယ- မုံရွာဇုန်(အမျိုးသား)
တတိယ- မြစ်ကြီးနားဇုန်(အမျိုးသား)
ပထမ-မုံရွာဇုန်(အမျိုးသမီး)
ဒုတိယ- မြစ်ကြီးနား(အမျိုးသမီး)
တတိယ- မကွေးဇုန်(အမျိုးသမီး)
အမျိုးသား ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် နေရာအလိုက်အကောင်းဆုံးဆု ရရှိသူများ
======================
ဂိုးသမား အကောင်းဆုံးဆု- မောင်ပြည့်ဖြိုးအောင်(မန္တလေးဇုန်)
နောက်တန်းအကောင်းဆုံးဆု-မောင်ရဲရင့်ကို(မန္တလေးဇုန်)
အလယ်တန်းအကောင်းဆုံးဆု- အောင်ကိုကိုဆန်း(မန္တလေးဇုန်)
ရှေ့တန်းအကောင်းဆုံးဆု- Roland Deo Hnget (မုံရွာဇုန်)
ဂိုးသွင်းအများဆုံးဆု (ပူးတွဲ)- မောင်စိုးမင်းနောင်(မန္တလေးဇုန်)နှင့် – Roland Deo Hnget (မုံရွာဇုန်)
အကောင်းဆုံးကစားသမားဆု- မောင်စိုးမင်းနောင်(မန္တလေးဇုန်)
အမျိုးသမီး ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် နေရာအလိုက်အကောင်းဆုံးဆု ရရှိသူများ
======================
ဂိုးသမား အကောင်းဆုံးဆု- မမိုးသဲဖြူ(မုံရွာဇုန်)
နောက်တန်းအကောင်းဆုံးဆု – မရီဝင်းသန်း(မြစ်ကြီးနားဇုန်)
အလယ်တန်းအကောင်းဆုံး – မကြည်ရတနာခိုင်(မြစ်ကြီးနားဇုန်)
ရှေ့တန်းအကောင်းဆုံးဆု- မထက်ထက်ဝင်း(မုံရွာဇုန်)
အကောင်းဆုံး ကစားသမားဆု – မနှင်းအေးမော်(မုံရွာဇုန်)
ဂိုးသွင်းအများဆုံးဆု – မနှင်းအေးမော်(မုံရွာဇုန်)
Photos- Ko Zay (MFF)