MNT-MNL အက်ပလီကေးရှင်းအား အသုံးပြု၍ ဆုလက်ဆောင်များ ရယူနိုင်မည့် အစီအစဉ် ယခုတစ်ပတ်တွင် စတင်ပြီဖြစ်

June 14, 2018

MNT-MNL ဘောလုံးအက်ပလီကေးရှင်းအား အသုံးပြု၍ MPT-MNL အထူးထုတ် ငွေဖြည့်ကတ်များ၊ ကစားသမားများ အမှတ်တရ လက်မှတ်ရေးထိုးထားသည့် အသင်းအကျီ င်္များနှင့် အခြားစိတ်ဝင်စားဖွယ်ရာ ဆုလက်ဆောင်များကို ပါဝင်ကံစမ်းနိုင်မည့် “Quizzes and Games” အစီအစဉ်ကို ယခုတစ်ပတ်တွင် စတင်လိုက်ပြီဖြစ်သည်။

MNT-MNL ဘောလုံးအက်ပလီကေးရှင်းမှ ” Quizzes and Games” ကဏ္ဍသို့ ၀င်ရောက်၍ မြန်မာနေရှင်နယ်လိဂ် ၁ ၏ အပတ်စဉ်ကျင်းပသော ပွဲစဉ် ၆ ပွဲစီမှ အနိုင်ရရှိမည့် အသင်းများကို မှန်ကန်စွာ ခန့်မှန်းပေးရမည့် အစီအစဉ်ဖြစ်သည်။

MPT ဆင်းကတ်သုံးစွဲသူများအတွက် သီးသန့်အစီအစဉ်တစ်ရပ်အဖြစ် ပြုလုပ်ပေးထားသည့် ပျောင်ရွှင်စိတ်လှုပ်ရှားဖွယ် အဆိုပါ အစီအစဉ်အတွက်  အပတ်စဉ် တနင်္လာနေ့  နံနက် ၁၂ နာရီမှ စနေနေ့ နေ့လည် ၁၂ နာရီအတွင်း အသင်းများကို ရွေးချယ် ခန့်မှန်းပေးရမည်ဖြစ်သည်။

Myanmar National League (MNL) နှင့် MPT တို့ ပူပေါင်းစီစဉ်ပြုလုပ်ပေးသည့် ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် အဆိုပါ အစီအစဉ်အတွက် ဆုရရှိသူများအား လစဉ်အခမ်းအနားဖြင့်  ပေးအပ်သွားမည်ဖြစ်သည်။ ဆုရရှိသူများကို ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ လူမှုကွန်ယက် Facebook ပေါ်မှသော်လည်းကောင်း အသိပေး အကြောင်းပြန်ပေးသွားမည်ဖြစ်ပါသည်။

MNL ၏ နောက်ဆုံးရသတင်း အကြောင်းအရာများ၊ ပွဲကြိုသတင်းအချက်အလက်များ၊ ဂိုးရလဒ်များ၊ အမှတ်ပေးဇယားရပ်တည်မှုများ၊ ကစားသမားများ၏ ပုံရိပ်များ ဝေေ၀ဆာဆာ တင်ဆက်ထားသည့်  MNT-MNL ဘောလုံးအက်ပလီကေးရှင်းကို ရယူရန်အတွက် အောက်ပါလင်ခ့်များမှ ၀င်ရောက်ဒေါင်းလုတ်ရယူနိုင်ပါသည်။

၁။ Google Play Store တွင် MPT-MNL ကို ရှာပါ။

၂။ လိုတရတွင် https://bit.ly/2shTc5R သို့ ၀င်ရောက်ပါ။

၃။ * 3101# သို့ ဖုန်းခေါ်ဆိုရင် ဒေါင်းလုတ်လင့်ခ် ရယူပါ။