ပြုံးချို ၊ Mung Theih Pau တို့၏ သွင်းဂိုးများဖြင့် မြ၀တီကို အနိုင်ယူခဲ့သည့် GFA FC

June 16, 2018

MPT Myanmar National League 2018အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ပွဲစဉ်တစ်ပွဲအဖြစ် GFA FC အသင်းနှင့် မြ၀တီအသင်းတို့ ကစားခဲ့ရာ GFA FC အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

အဆိုပါပွဲစဉ် ပထမပိုင်းတွင် GFA FC မှ ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဦးဆောင်ဂိုးရရှိရန် တိုက်စစ်ဆင်ကစားခဲ့သည်။ ပွဲချိန် ၈ ၊ ၂၂ မိနစ်နှင့် ၄၄ မိနစ်များတွင် GFA FC အသင်းမှ ဦးဆောင်ဂိုးများရရှိခဲ့ပြီး ပြုံးချိုတစ်ဦးတည်းမှ ဟက်ထရစ် သုံးဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ GFA FCအသင်းအတွက် စတုထ္ထဂိုးကို ပွဲချိန် ၉၀ မိနစ်တွင် လူစားဝင်ရောက်လာသည့် Mung Theih Pau က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ GFA FC အသင်းသည် ယနေ့ပွဲတွင် မြ၀တီအသင်းကို အနိုင်ရခဲ့သည့်အတွက် ရမှတ် ၁၄ မှတ်ရရှိလာပြီး အဆင့် ၁၁ နေရာမှ အဆင့် ၁၀ သို့ တက်ရောက်နိုင်ခဲ့သည်။

MPT Myanmar National League 2018

Pos Club P W D L F A GD Pts
1 15 10 3 2 24 10 14 33
2 14 10 2 2 36 15 21 32
3 15 7 4 4 19 14 5 25
4 15 6 6 3 33 19 14 24
5 14 7 1 6 22 16 6 22
6 15 6 4 5 22 19 3 22
7 16 6 3 7 22 25 -3 21
8 14 6 2 6 17 15 2 20
9 14 5 4 5 25 24 1 19
10 16 3 5 8 16 29 -13 14
11 15 2 6 7 16 25 -9 12
12 15 0 2 13 6 47 -41 2