စစ်ကိုင်းယူနိုက်တက်ကို အမှတ်ပေး ရှုံးကြွေး ပြန်ဆပ်ကာ ဆီမီးဖိုင်နယ် တက်ခဲ့သည့် ဟံသာဝတီယူနိုက်တက်

June 20, 2018

General Aung San Shield 2018 ရှုံးထွက်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲအဖြစ် ဇွန် ၂၀ ရက်(ယနေ့) ညနေက အောင်ဆန်းကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ဟံသာဝတီအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဟံသာဝတီအသင်းသည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဦးဆောင်ဂိုးရရှိရန် ဖိအားပေးကစားပြီး စစ်ကိုင်းယူနိုက်တက်အသင်းမှလည်း တန်ပြန်တိုက်စစ်ပုံစံဖြင့် အကောင်းဆုံးတုံ့ပြန်ခဲ့သည်။ ပွဲချိန် ၂၂ မိနစ်တွင် ဟံသာဝတီအသင်းမှ ဦးဆောင်ဂိုးရရှိခဲ့ပြီး မာ့ခ်ဆာကီက သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ဟံသာဝတီအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် နှစ်သင်းစလုံး လျင်လျင်မြန်မြန်ဖြင့် အပြန်အလှန် ထိုးဖောက်ကစားခဲ့သည်။ ပွဲချိန် ၅၃ မိနစ်တွင် ဟံသာဝတီအသင်းမှ ဒုတိယ ဦးဆောင်ဂိုးရခဲ့ပြီး မာ့ခ်ဆာကီမှပင် ထပ်မံသွင်းပေးခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းယူနိုက်တက်အသင်း အတွက် ချေပဂိုးကို ပွဲချိန် ၈၉ မိနစ်တွင် ကောင်းဇော်ထွေးမှ သွင်းယူပေးခဲ့သည်။ ပွဲပြီးခါနီး မိနစ်များတွင် စစ်ကိုင်းအသင်းမှ ချေပဂိုး ရရန် ကြိုးပမ်း ခဲ့သော်လည်း ဟံသာဝတီအသင်းမှ ခံစစ်လုံစွာကစားပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းသွားနိုင်ခဲ့သည်။

စစ်ကိုင်းယူနိုက်တက်အသင်းကို အနိုင်ယူကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်းသည် ဇူလိုင် ၂၂ ရက်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ကစားရမည်ဖြစ်သည်။