ယခုတစ်ပတ် MPT Myanmar National League II 2018 Week 11 မှာတော့ ရွိုင်ရယ်သန်လျင်၊ ဒဂုံအက်ဖ်စီနှင့် ယူနီဗာစတီအသင်းတို့ ပြိုင်ဘက်အသင်းများကို ဂိုးပြတ်ရလဒ်တွေနဲ့ အတူ နိုင်ပွဲတွေကိုယ်စီ ရရှိခဲ့ကြပါတယ်။
ပဒုမ္မာကွင်းမှာ ကျင်းပခဲ့တဲ့ ပွဲစဉ်မှာ ယူနီဗာစတီအသင်းက ငွေကြယ်ပွင့်လေးများ အသင်းကို ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး စလင်းကွင်းမှာ ဒဂုံအက်ဖ်စီအသင်းက ကချင်ယူနိုက်တက်ကို၎-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မောင်းတိန်းလိုင်းယွန်း- ရွိုင်ရယ်သန်လျင် ပွဲစဉ်မှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးက ရွိုင်ရယ်သန်လျင်က ၄-၁ ဂိုးနဲ့ ဂိုးပြတ် အောင်ပွဲခံခဲ့တာပါ။
ဒါကြောင့် ပွဲစဉ်(၁၁) အပြီး အမှတ်ပေးဇယား ရပ်တည်မှုကို ဖော်ပြပေးလိုက်ရပါတယ်။