အိမ်ရှင်ရှမ်းဆီမှ အမှတ်ခွဲယူကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

June 23, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-17) ပွဲစဉ်တစ်ပွဲအဖြစ် ဇွန် ၂၃ ရက်(ယနေ့) ညနေက တောင်ကြီးကွင်းတွင် ရှမ်းယူနိုက်တက် အသင်းနှင့်ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ဂိုးမရှိသရေကျခဲ့သည်။ အဆိုပါပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ဂိုးရရှိနိုင်မည့် အခွင့်အရေးပိုမိုရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သည့်အတွက် ဂိုးမရှိသရေကျကာ ပွဲပြီးဆုံးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ရှမ်းယူနိုက်တက်အသင်းထံမှ သရေတစ်မှတ်ရရှိခဲ့သည့်အတွက် ရမှတ် ၃၆ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ဆက်လက် ရပ်တည်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ၁၆ ပွဲကစားပြီးချိန်တွင် ၁၀ ပွဲနိုင်၊ လေးပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၃၄ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ဆက်နေသည်။

MPT Myanmar National League 2018

Pos Club P W D L F A GD Pts
1 16 11 3 2 38 15 23 36
2 16 10 4 2 24 10 14 34
3 16 7 4 5 26 21 5 25
4 16 7 4 5 20 18 2 25
5 16 6 6 4 34 21 13 24
6 16 7 2 7 19 18 1 23
7 15 7 1 7 23 18 5 22
8 16 6 4 6 31 29 2 22
9 16 6 3 7 22 25 -3 21
10 16 3 6 7 18 26 -8 15
11 16 3 5 8 16 29 -13 14
12 15 0 2 13 6 47 -41 2