MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-17) ပွဲစဉ်တစ်ပွဲအဖြစ် ဇွန် ၂၃ ရက်(ယနေ့) ညနေက တောင်ကြီးကွင်းတွင် ရှမ်းယူနိုက်တက် အသင်းနှင့်ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ဂိုးမရှိသရေကျခဲ့သည်။ အဆိုပါပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ဂိုးရရှိနိုင်မည့် အခွင့်အရေးပိုမိုရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သည့်အတွက် ဂိုးမရှိသရေကျကာ ပွဲပြီးဆုံးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ရှမ်းယူနိုက်တက်အသင်းထံမှ သရေတစ်မှတ်ရရှိခဲ့သည့်အတွက် ရမှတ် ၃၆ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ဆက်လက် ရပ်တည်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ၁၆ ပွဲကစားပြီးချိန်တွင် ၁၀ ပွဲနိုင်၊ လေးပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၃၄ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ဆက်နေသည်။