မကွေးအသင်းနှင့်ပွဲစဉ်အား ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ မွန်ကာလူး လွဲချော်မည်

June 27, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-18) ပွဲစဉ်တစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့သည် လာမည့် ဇူလိုင် ၁ ရက်၊ သုဝဏ္ဏကွင်းတွင် ကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် ရန်ကုန်အသင်းနောက်ခံလူ မွန်ကာလူးအနေဖြင့် ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ခံလူ မွန်ကာလူးသည် အ၀ါကတ် သုံးကတ် ပြည့်ခဲ့သည့်အတွက် သုံးဝါတစ်ပွဲပယ် ပြစ်ဒဏ်ချခံရခြင်းဖြစ်သည်။  မကွေးအသင်းနှင့် ပွဲစဉ်တွင် နောက်ခံလူ မွန်ကာလူး လွဲချော်မည်ဖြစ်သော်လည်း ပွဲပယ် ပြစ်ဒဏ်ခံထားရသည့် တိုက်စစ်မှူး ဆီလာအနေဖြင့် မကွေးအသင်းနှင့်ပွဲတွင် ပြန်လည်ပါဝင်လာ မည်ဖြစ်သည်။ တိုက်စစ်မှူး ဆီလာသည် လက်ရှိအချိန်တွင် ရန်ကုန်အသင်းအတွက် ၁၂ ဂိုးသွင်းယူပေးထားသည့် အဓိက တိုက်စစ်မှူး တစ်ဦးလည်းဖြစ်သည်။ အလားတူ ပြီးခဲ့သည့်အပတ်တွင် ပွဲပယ် ပြစ်ဒဏ်ခံထားရသည့် မကွေးအသင်းမှ ကျော်ဇင်လွင်နှင့် နိုင်နိုင်ကျော်တို့သည် ယခုတစ်ပတ် ရန်ကုန်အသင်းနှင့်ပွဲစဉ်တွင် ပြန်လည် ပါဝင်လာမည်ဖြစ်သည်။