MNL I

ဧရာဝတီယူနိုက်တက်အသင်းမှ ကက်ဆီယို၏ အယူခံ ‘ပလပ်’ခံရ

By khtit

June 27, 2018

မြန်မာနေရှင်နယ်လိဂ်အမှတ်ပေး ဘောလုံးပြိုင်ပွဲဝင် ဧရာဝတီယူနိုက်တက်အသင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀) ရက်တွင် ချမှတ်ခဲ့သည့် ဆောက်သမ်းမြန်မာ-ဧရာဝတီယူနိုက်တက် ပွဲစဉ်အပြီး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အယူခံကော်မတီသို့ တင်ပြလာခဲ့ရာ အဆိုပါအယူခံအား ‘ပလပ်’ လိုက်ကြောင်း သိရသည်။

ယင်းပွဲစဉ်အပြီး ဧရာဝတီ ယူနိုက်တက် အသင်းမှ ကျောနံပါတ် (၂၈) ကတ်စီယိုသည် MNLI & II Regulations 2018 စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် ၅ အရ ပွဲရပ်နားထားစဉ် တစ်ဖက်သားအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် အနီးစပ်ဆုံး (၆) ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် (၆၀၀၀၀၀) ခြောက်သိန်း ပေးဆောင်ရန် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ချမှတ်ထားခဲ့ခြင်းဖြစ်သည်။