ဟံသာဝတီယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက်အသင်းတို့ပွဲစဉ်အပေါ် နှစ်ဖက်နည်းပြများ၏ ပွဲကြို ပြောစကားများ

June 29, 2018

“ကျွန်တော်တို့က နောက်ဆုံးပွဲမှာ သရေရထားတယ်။ ရခိုင်အသင်းကတော့ ရှုံးထားတယ်။ ဒါပေမယ့် အစဉ်အလာအရ သိပ်ကွာခြားမှု မရှိပါဘူး။ သူတို့မှာလဲ နိုင်ငံခြားကစားသမားကောင်းတွေရှိတယ်။ ကျွန်တော်တို့မှာလဲ နိုင်ငံခြားကစားသမားတွေပါတယ်။ တစ်ခုသာတာက ကျွန်တော်တို့ အိမ်ကွင်းဖြစ်တယ်။ အိမ်ကွင်းအခွင့်အရေးကို အပြည့်အ၀အသုံးချမယ်။ အကောင်းဆုံး ဖိအားပေးပြီး ကစားသွားမှာပါ”

ဦးငွေထွန်း – နည်းပြချုပ်

ဟံသာဝတီယူနိုက်တက်

 

“ပထမအကျော့မှာတော့ နိုင်ထားတယ်။ ဒုတိယအကျော့ သူတို့ အိမ်ကွင်းရောက်လာပြီ။ အိမ်ကွင်းအားသာချက်နဲ့ တစ်ဖက်အသင်း ကတော့ ပြင်ဆင်လာမှာပဲ။ ကျွန်တော်တို့က ဒီကြားထဲမှာ ရှုံးပွဲကြုံထားလို့ ဒီပွဲကို အနိုင်ရလဒ်ဖြစ်အောင် အကောင်းဆုံး ကြိုးစားသွား မယ်။ စည်းစည်းလုံးလုံး၊ ကြိုးကြိုးစားစားကစားမယ်။ ဟံသာဝတီနဲ့ပွဲမှာ ရလဒ်ကောင်းပြန်ရအောင် ကြိုးစားသွားမယ်”

ဦးစိုးသိန်း – နည်းပြချုပ်

ရခိုင်ယူနိုက်တက်