MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-19) ပွဲစဉ်တစ်ပွဲအဖြစ် ဇူလိုင် ၈ ရက်(ယနေ့) ညနေက တောင်ကြီးကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့ ကစားခဲ့ရာ အိမ်ရှင်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ခဲ့သည်။
အဆိုပါပွဲပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရရှိရန် ဖိအားပေးကစားခဲ့ပြီး ဆောက်သမ်းအသင်း နောက်ခံလူ များမှလည်း အမှားအယွင်းမရှိ ခုံခံနိုင်ခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံးမှ ဂိုးရရှိမည့် အခွင့်အရေး အချို့ ရခဲ့သော်လည်း ဂိုးမသွင်းနိုင် ခဲ့သည့်အတွက် ဂိုးမရှိ သရေကျခဲ့သည်။
ဒုတိယပိုင်း မိနစ် ၆၀ တွင် ရှမ်းအသင်းမှ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး လူငယ်တိုက်စစ်မှူး ဒွေးကိုကိုချစ်က သွင်းယူပေးခဲ့သည်။ လက်ကျန် မိနစ်များတွင် နှစ်သင်းစလုံးမှ ထပ်မံ ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ သည်။