၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရခိုင်ယူနိုက်တက်အသင်း၏ အိမ်ကွင်းလက်ကျန်ပွဲစဉ်များအား ရာသီဥတုအခြေအနေနှင့် ပြိုင်ပွဲကွင်း အခြေအနေတို့ကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ပါသည်။
ယခုအချိန်ကာလမှာ မိုးရာသီကာလဖြစ်နေပါသဖြင့် အဓိက သယ်ယူပို့ဆောင်ရေးဖြစ်သည့် စစ်တွေ-ရန်ကုန် လေယာဉ်ပျံသန်းချိန် နောက်ကျခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်းများ မကြာခဏကြုံတွေ့ရလျက်ရှိပါသည်။ ပြီးခဲ့သည့် MPT MNL 2018 ရခိုင်ယူနိုက်တက်-ဇွဲကပင်ယူနိုက်တက် ပွဲစဉ်တွင်လည်း ဇွဲကပင်ယူနိုက်တက်အသင်းမှ ပွဲပြီး နောက်တစ်ရက်တွင် ရာသီဥတုအခြေအနေကြောင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာနိုင်ခြင်း မရှိဘဲ ၂ ရက်တိုင်တိုင် ထပ်မံနေထိုင်ခဲ့ရသည်။ ထို့ပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၉) နှစ်အောက် ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ မိုးရာသီဖြစ်သည့်အတွက် ပြိုင်ပွဲကွင်း၏ မြက်ခင်းအခြေအနေမှာ ပြိုင်ပွဲကျင်းပရန် အခက်အခဲရှိနေကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများ၊ သက်ဆိုင်ရာကလပ်အသင်း တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး သဘောတူညီမှုအရ MPT Myanmar National League 2018 ပွဲစဉ်အမှတ် (၁၁၅)နှင့် (၁၂၂) တို့အား မူလသတ်မှတ်ထားသည့်ရက်မှ အောက်ပါအတိုင်း ပြိုင်ပွဲကွင်းနှင့် နေ့ရက်များ ပြောင်းလဲကျင်းပသွားမည်ဖြစ်သည်။
၁၃-၇-၂၀၁၈
ရခိုင်ယူနိုက်တက်-ဧရာဝတီယူနိုက်တက်(သုဝဏ္ဏ)- ၁၆း၀၀
၁၄-၉-၂၀၁၈
ရခိုင်ယူနိုက်တက်-ရှမ်းယူနိုက်တက်(သုဝဏ္ဏ) – ၁၆း၀၀