MPT Myanmar National League (U-18) 2018 အမှတ်ပေးပြိုင်ပွဲတွင် ဒဂုံအက်ဖ်စီအသင်း ဗိုလ်စွဲခဲ့

July 11, 2018

MPT Myanmar National League (U-18) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားကို ဇူလိုင် ၁၁ ရက်၊ ညနေက ပဒုမ္မာဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချန်ပီယံ ဒဂုံ ယူ-၁၈ လူငယ်အသင်း

ဆုပေးပွဲ အခမ်းအနားတွင် ရှေးဦးစွာ MPT JO မှ Deputy Department General Manager ဦးကျော်သက်နှင့် ဒဂုံအက်ဖ်စီ အတွင်းရေးမှူး ဦးအောင်သူချမ်းတို့မှ တတိယရရှိခဲ့သည့် Royal Thanlyin အသင်းအား တစ်ဦးချင်း ကြေးတံဆိပ်ဆုများ ချီးမြှင့်ခဲ့သည်။ ထို့နောက် MPT JO မှ Deputy Marketing Director ဦးခင်မောင်မြင့် မှ တတိယရ Royal Thanlyin အသင်းအား ဆုကြေး ငွေကျပ် ၂၅ သိန်း ချီးမြှင့်ခဲ့သည်။

တတိယဆုရခဲ့သည့် Royal Thanlyin အသင်း

MPT Myanmar National League (U-18) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုအား University အသင်းမှ ရရှိခဲ့ပြီး University အသင်းအတွက် တစ်ဦးချင်း ငွေတံဆိပ်ဆုများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းချိုနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကွင်း/ရုံ ဒါရိုက်တာ ဦးသန်းဝင်းတို့မှ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် Canon မှ Bussiness Development Manager ဦးဘလန်မိုင်မှ ဒုတိယရခဲ့သည့် University အသင်းအား ဆုကြေးငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့သည်။

ဒုတိယဆုရခဲ့သည့် University အသင်း

ဆက်လက်၍ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ဒဂုံအက်ဖ်စီအသင်းအား တစ်ဦးချင်းရွှေတံဆိပ်ဆုများကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်မှ ချီးမြှင့်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချှုပ်၊ အမှုဆောင်အဖွဲ့ဝင်၊ ဧရာဝတီယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးမင်းလှိုင်မှ ချန်ပီယံဖြစ်ခဲ့သည့် ဒဂုံအက်ဖ်စီအသင်းအား ဆုကြေးငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ပေးခဲ့သည်။

ချန်ပီယံ ဒဂုံ ယူ-၁၈ လူငယ်အသင်း

အသင်းခြောက်သင်း ၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့သည့် MPT Myanmar National League (U-18) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ တွင် ဒဂုံအက်ဖ်စီအသင်းသည် ၁၀ ပွဲ နိုင်၊ သရေ ပွဲ မရှိ၊ ရှုံး ပွဲ မရှိ ရမှတ် ၃၀ မှတ်ဖြင့် ချန်ပီယံ ဆုဖလားကို ရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယ နေရာတွင် University အသင်းမှ ၇ ပွဲ နိုင်၊ သုံးပွဲ ရှုံး ရမှတ် ၂၁ မှတ်ဖြင့် ရပ်တည်ခဲ့ပြီး တတိယနေရာတွင် Royal Thanlyin အသင်းက ငါးပွဲ နိုင်၊ နှစ်ပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် ၁၇ မှတ်ဖြင့် ရပ်တည်ခဲ့သည်။