မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးပြီး၊ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT ၏ ပံ့ပိုးမှု၊ အဓိက စပွန်ဆာ Myanmar Care တို့၏ ပံ့ပိုးမှုများဖြင့် ကျင်းပလျှက် ရှိသည့် မန္တလေးဇုန် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပထမပွဲကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ ဗထူးကွင်းတွင် ကျင်းပခဲ့ရာ ပြင်ဦးလွင် (က) အသင်းကို မန္တလေး (ခ) အသင်းက (၀-၃) ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့သည်။
အသင်းပေါင်း ၁၂ သင်းကို အုပ်စု (၄) ခုခွဲကာ ယှဉ်ပြိုင်ကစားစေခဲ့သည့် အဆိုပါ ပြိုင်ပွဲတွင် အုပ်စုဗိုလ် ၄ သင်းသာ အုပ်စုအဆင့်ကို လွန်မြောက်ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်။ ဆီမီးဖိုင်နယ်သို့ ပြင်ဦးလွင် (ခ) အသင်း၊ မန္တလေး (က) အသင်းနှင့် (ခ) အသင်း၊ မိတ္ထီလာ (က) အသင်းများ တက်ရောက်လာခဲ့ကြကာ ပြင်ဦးလွင် (ခ)အသင်းနှင့် မန္တလေး (ခ) အသင်းတို့က ဆီမီးဖိုင်နယ် ပွဲစဉ် (၁) အဖြစ် လည်းကောင်း၊ မန္တလေး (က) အသင်းနှင့် မိတ္ထီလာ (က) အသင်းတို့က ဆီမီးဖိုင်နယ် ပွဲစဉ် (၂) အဖြစ် လည်းကောင်း ယှဉ်ပြိုင်ကစားကြရမည် ဖြစ်သည်။
လက်ရှိတွင် ဆီမီးဖိုင်နယ် ပွဲစဉ်(၁)ကို ယှဉ်ပြိုင်ကစားခဲ့ပြီး ဖြစ်ရာ ကျန်ရှိနေသေးသည့် ဆီမီးဖိုင်နယ် ပွဲစဉ်ကို ယနေ့ ညနေ ၃း၀၀ နာရီတွင် ဗထူးကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
MPT U-14 Football Tournament 2018 မန္တလေးဇုန် ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို လာမည့် ဇူလိုင် ၁၄ ရက် ညနေ ၃း၀၀ နာရီတွင် ဗထူးကွင်း၌ ကျင်းပသွားမည် ဖြစ်ပြီး တတိယလုပွဲကို အဆိုပါနေ့ နံနက် ၈း၀၀ နာရီတွင် ကျင်းပသွားမည် ဖြစ်သည်။