MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-20) ပွဲစဉ်တစ်ပွဲအဖြစ် ဇူလိုင် ၁၄ ရက်(ယနေ့) ညနေက ပဲခူးမြို့၊ Grand Royal ကွင်းတွင် ဟံသာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။
ပထမပိုင်း အစောပိုင်းမိနစ်များတွင် ဟံသာဝတီအသင်းမှ တိုက်စစ်မှူး မာခ့်ဆာကီ ဂိုးရရှိမည့် အခွင့်အရေးအချို့ ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်ခဲ့သည့်အတွက် ဂိုးမရခဲ့ပေ။ ပွဲချိန် ၂၈ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းသည် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဂိုးရခဲ့ပြီး ဒေးဗစ် ထန်းက သွင်းပေးခဲ့သည်။ ပွဲချိန် ၄၀ မိနစ်တွင် ရှမ်းအသင်းမှ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး ခရစ္စတိုဖာက သွင်းယူပေးခဲ့သည်။ ရှမ်းယူနိုက် တက်အသင်းသည် ပထမပိုင်းတွင် ရရှိခဲ့သည့် အခွင့်အရေးများကို အပိုင်အသုံးချနိုင်ခဲ့သည့်အတွက် နှစ်ဂိုးအသာဖြင့် အိမ်ရှင်အသင်းကို ပထမပိုင်းတွင် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် နှစ်သင်းစလုံးမှ လူစားလဲမှုအချို့  ပြုလုပ်ကာ အပြောင်းအလဲလုပ်ခဲ့သည်။ ပွဲချိန် ၅၉ မိနစ်တွင် ဟံသာ ၀တီအသင်းမှ ပထမချေပဂိုးရခဲ့ပြီး တိုက်စစ်မှူးမာ့ခ်ဆာကီက သွင်းပေးခဲ့သည်။ လက်ကျန်မိနစ်များတွင် ဟံသာဝတီအသင်းမှ ထပ်မံ ချေပ ဂိုးရရန် ဖိအားပေးကစားခဲ့သော်လည်း ဧည့်သည် ရှမ်းယူနိုက်တက်အသင်းမှ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။ ထို့ကြောင့် ရှမ်းယူ နိုက်တက်အသင်းသည် ဟံသာဝတီအသင်းအား ၂-၁ ဂိုးရလဒ်ဖြင့် နှစ်ကျော့စလုံး အနိုင်ရသွားခဲ့သည်။
MPT Myanmar National League 2018
Pos | Club | P | W | D | L | F | A | GD | Pts |
---|---|---|---|---|---|---|---|---|---|
1 | SUFC | 19 | 13 | 4 | 2 | 28 | 11 | 17 | 43 |
2 | YUFC | 18 | 13 | 3 | 2 | 41 | 16 | 25 | 42 |
3 | HUFC | 19 | 9 | 2 | 8 | 28 | 21 | 7 | 29 |
4 | YDNB | 18 | 7 | 6 | 5 | 38 | 24 | 14 | 27 |
5 | SMFC | 20 | 7 | 6 | 7 | 28 | 26 | 2 | 27 |
6 | ZUFC | 18 | 8 | 3 | 7 | 21 | 19 | 2 | 27 |
7 | Magwe | 19 | 7 | 6 | 6 | 22 | 21 | 1 | 27 |
8 | AUFC | 19 | 7 | 5 | 7 | 36 | 35 | 1 | 26 |
9 | RUFC | 20 | 7 | 4 | 9 | 32 | 34 | -2 | 25 |
10 | SGFC | 19 | 5 | 6 | 8 | 25 | 29 | -4 | 21 |
11 | GFA | 19 | 4 | 5 | 10 | 19 | 33 | -14 | 17 |
12 | MWD | 18 | 0 | 2 | 16 | 9 | 58 | -49 | 2 |