News

MPT U-14 Football Tournament 2018 (Mandalay) ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ~မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ဆုချီးမြှင့်

By khtit

July 14, 2018

ယူ-၁၄ လူငယ်ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ယနေ့ ညနေပိုင်းက ကျင်းပခဲ့ရာ မန္တလေး (ခ) အသင်းက မိတ္တီလာ (က) အသင်းကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ ဗိုလ်စွဲသွားခဲ့သည်။ ဗိုလ်လုပွဲစဉ် အပြီးတွင် ဆုပေးအပ်ပွဲ အခမ်းအနားကို ဆက်လက် ပြုလုပ်ခဲ့ရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်ကာ ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ 

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးကာ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့ ပူးပေါင်းပါဝင်ပြီး Myanmar Care မှ အဓိက ကူညီပံ့ပိုးသည့် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ၏ မန္တလေးဇုန် ဆုပေးပွဲသို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာ ခင်မောင်ဌေး၊ မန္တလေးတိုင်း အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ MPT JO မှ COO မစ္စတာ ဘန်နီနိုစံ၊ မြန်မာနေရှင်နယ်လိဂ်မှ စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ MPT JO ၏ Admin and HR ဌာနမှ Deputy Director ဦးရဲမင်းဦး၊ MPT JO မှ Branding and Advertising Department DGM ဦးကျော်သက်၊ MPT JO မှ Coporate Comminication Department DGM ဦးမိုးသူရ၊ မြန်မာဘရူဝါရီမှ Regional Operation Manager ဦးခိုင်ဘွား၊ Premier Wellness Company Ltd. မှ Senior Branding Manager ဒေါ်မေမြင့်မြတ်၊ မန္တလေးတိုင်း ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်အေး၊ အစိုးရရုံး အဖွဲ့ဝင်များ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မီဒီယာများ တက်ရောက်ခဲ့ကြသည်။

မြန်မာဘရူဝါရီမှ Regional Operation Manager ဦးခိုင်ဘွားမှ ဗိုလ်လုပွဲကိုင်တွယ်ခဲ့သည့် ဒိင်လူကြီးများကို အသိအမှတ်ပြု ဆုတံဆိပ် ပေးအပ်ခဲ့သည်။

ဦးစွာ ဗိုလ်လုပွဲစဉ်တွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ဒိုင်လူကြီးများကို အသိအမှတ်ပြု ဆုတံဆပ် ပေးအပ်ခဲ့ရာ မြန်မာဘရူဝါရီမှ Regional Operation Manager ဦးခိုင်ဘွားက ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲတစ်လျှောက် ရှေ့တန်းအကောင်းဆုံး ကစားသမားဆု ရရှိသည့် မန္တလေး (ခ) အသင်းမှ သူရိန်ထွန်းနှင့် အလယ်တန်း အကောင်းဆုံး ကစားသမားဆု ရရှိသည့် ပြင်ဦးလွင် (က) အသင်းမှ သူရိန်စိုးတို့ကို မန္တလေးတိုင်း ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်အေးက ဆုများနှင့် ဆုငွေများ ပေးအပ်ခဲ့သည်။

ရှေ့တန်း အကောင်းဆုံးဆု ရရှိခဲ့သည့် မန္တလေး (ခ) အသင်းမှ သူရိန်ထွန်း

 

အလယ်တန်း အကောင်းဆုံး ကစားသမားဆု ရရှိသည့် ပြင်ဦးလွင် (က) အသင်းမှ သူရိန်စိုး

ထို့နောက် ပြိုင်ပွဲတစ်လျှောက် နောက်တန်းအကောင်းဆုံး ကစားသမားဆု ရရှိသည့် မိတ္တီလာ (က) အသင်းမှ သီဟနှင့် အကောင်းဆုံး ဂိုးသမားဆု ရရှိသည့် မန္တလေး (ခ) အသင်းမှ ချမ်းမြေ့ဟိန်း တို့အား MPT JO မှ Branding and Advertising Department DGM ဦးကျော်သက်က ဆုများနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

နောက်တန်းအကောင်းဆုံး ကစားသမားဆု ရရှိသည့် မိတ္တီလာ (က) အသင်းမှ သီဟ
အကောင်းဆုံး ဂိုးသမားဆု ရရှိသည့် မန္တလေး (ခ) အသင်းမှ ချမ်းမြေ့ဟိန်း

ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို ပြင်ဦးလွင် (က) အသင်းမှ သူရိန်စိုးက ရယူနိုင်ခဲ့ပြီး ဂိုးသွင်းဘုရင် ဆုကိုမူ မန္တလေး (ခ) အသင်းမှ ဇင်ကိုကိုက သွင်းဂိုး (၉ )ဂိုးဖြင့် ရယူနိုင်ခဲ့သည်။ အဆိုပါ ကစားသမားများအတွက် ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို မန္တလေးတိုင်း ဒေသကြီး MPT ဌာနခွဲမှ တိုင်းဒေသကြီး မန်နေဂျာ ဦးဌေးလှက ပေးအပ်ခဲ့သည်။

အကောင်းဆုံး ကစားသမားဆုကို ပြင်ဦးလွင် (က) အသင်းမှ သူရိန်စိုး
ဂိုးသွင်းဘုရင် ဆုကိုမူ မန္တလေး (ခ) အသင်းမှ ဇင်ကိုကို

ပြိုင်ပွဲ၏ ဂုဏ်သိက္ခာမြင့် ဆုတစ်ဆု ဖြစ်သည့် အသန့်ရှင်းဆုံး အသင်းဆုကို ပြင်ဦးလွင် (က) အသင်းက ရရှိခဲ့ပြီး ယင်းအတွက် ပေးအပ်ချီးမြှင့်သည့် ဆုငွေကျပ် ၂ သိန်းကို Premier Wellness Company Ltd. မှ Senior Branding Manager ဒေါ်မေမြင့်မြတ် က ပေးအပ်ချီးမြှင့် ခဲ့သည်။

အသန့်ရှင်းဆုံး အသင်းဆုရ ပြင်ဦးလွင် (က) အသင်း

ထို့နောက် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က တတိယဆု ရရှိသည့် ပြင်ဦးလွင် (က) အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဆုကြေးငွေကျပ် သုံးသိန်းကို MPT JO ၏ Admin and HR ဌာနမှ Deputy Director ဦးရဲမင်းဦးက ပြင်ဦးလွင် (က) အသင်းသို့ ပေးအပ်ခဲ့သည်။

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က တတိယဆု ရရှိသည့် ပြင်ဦးလွင် (က) အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ်
ဆုကြေးငွေကျပ် သုံးသိန်းကို MPT JO ၏ Admin and HR ဌာနမှ Deputy Director ဦးရဲမင်းဦးက ပြင်ဦးလွင် (က) အသင်းသို့ ပေးအပ်

ယင်းနောက်တွင် ဒုတိယဆု ရရှိသည့် မိတ္တီလာ (က) အသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုများကို မန္တလေးတိုင်း အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပေးအပ်ခဲ့ပြီး ဆုကြေးငွေကျပ် ငါးသိန်းကို တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာ ခင်မောင်ဌေးက ပေးအပ်ချီးမြှင့်ခဲ့သည်။

ဒုတိယဆု ရရှိသည့် မိတ္တီလာ (က) အသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုများကို မန္တလေးတိုင်း အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပေးအပ်
ဆုကြေးငွေကျပ် ငါးသိန်းကို တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာ ခင်မောင်ဌေးက ပေးအပ်

MPT U-14 Football Tournament 2018 (Mandalay) တွင် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သည့် မန္တလေး (ခ) အသင်းအတွက် တစ်ဦးချင်း ရွေတံဆိပ်ဆုများနှင့် ဆုကြေးငွေ (၁၀) သိန်းကျပ်ကို MPT JO မှ COO မစ္စတာ ဘန်နီနိုစံက ပေးအပ်ခဲ့သည်။ ယင်းနောက်တွင် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ချန်ပီယံ မန္တလေး (က) အသင်းအား ချန်ပီယံဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သည့် မန္တလေး (ခ) အသင်းအတွက် တစ်ဦးချင်း ရွေတံဆိပ်ဆုများနှင့် ဆုကြေးငွေ (၁၀) သိန်းကျပ်ကို MPT JO မှ COO မစ္စတာ ဘန်နီနိုစံက ပေးအပ်ခဲ့သည်
မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ချန်ပီယံ မန္တလေး (ခ) အသင်းအား ချန်ပီယံဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်

ယခု ကျင်းပခဲ့သည့် MPT U-14 Football Tournament 2018 (Mandalay) ပြိုင်ပွဲကဲ့သို့ အလားတူ ပြိုင်ပွဲများကို ယခုနှစ်အတွင်း အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး (၇)ခုတွင် ထပ်မံကျင်းပသွားရန် ရှိပြီး အနီးစပ်ဆုံး အနေဖြင့် မုံရွာမြို့တွင် ကျင်းပသွားမည် ဖြစ်သည်။ ယင်းနောက်တွင် ပုသိမ်၊ စစ်တွေ၊ မော်လမြိုင်၊ တောင်ကြီး နှင့် ရန်ကုန် မြို့များတွင် ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။