မြ၀တီအသင်း၏ ပြည်ပချစ်ကြည်ရေး ခရီးစဉ်ပြိုင်ပွဲကြောင့် ပွဲစဉ် (၁၃) ပွဲကျန် မကွေးအက်ဖ်စီ-မြ၀တီအက်ဖ်စီ ပွဲစဉ်အား သတ်မှတ်ရက်ထက်စောကာ ကျင်းပသွားမည်

July 16, 2018
MPT Myanmar National League 2018 Week 13 ပွဲကျန်ပွဲစဉ်များအနက်မှ မကွေးအက်ဖ်စီ-မြ၀တီအက်ဖ်စီပွဲစဉ်အား မူလသတ်မှတ်ထားသည့် ရက်ထက်စောကာ ကျင်းပသွားမည်ဖြစ်ပါသည်။
 
MPT Myanmar National League 2018 ပြိုင်ပွဲဝင် မြ၀တီအက်ဖ်စီအသင်းသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့တွင် ကျင်းပမည့် ဘောလုံး၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများအား နှစ်နိုင်ငံ တပ်မတော်ချစ်ကြည်ရေးအဖြစ် သွားရောက်ကစားရမည် ဖြစ်ကြောင်း သိရသည်။
 
ထို့ကြောင့် (၂၂-၇-၂၀၁၈) ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည့် မကွေးအက်ဖ်စီ-မြ၀တီအက်ဖ်စီ (ပွဲစဉ် ၁၃ ပွဲကျန်) အား ရက်ပြောင်းရွှေ့ ကျင်းပပေးရန် ရည်ညွှန်းစာဖြင့် တင်ပြလာခဲ့ခြင်းဖြစ်သည်။
 
သို့ဖြစ်ပါ၍ သက်ဆိုင်ရာကလပ်အသင်း တာဝန်ရှိသူများ၊ ညှိနှိုင်းဆွေးနွေး သဘောတူညီမှုအရ MPT Myanmar National League 2018 ဘောလုံးပြိုင်ပွဲ Week 13 မြ၀တီအက်ဖ်စီ-မကွေးအက်ဖ်စီပွဲစဉ်အား မူလသတ်မှတ်ထားသည့် ရက်ထက်စောကာ ၁၈-၇-၂၀၁၈ ရက်သို့ ရှေ့တိုး ကျင်းပသွားမည်ဖြစ်သည်။
 
ပွဲစဉ်(၁၃) ပွဲကျန်
၁၈-၇-၂၀၁၈
မကွေးအက်ဖ်စီ-မြ၀တီအက်ဖ်စီ(သုဝဏ္ဏ)- ၄း၀၀