MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-20) ပွဲစဉ်တစ်ပွဲအဖြစ် ဇွန်လ ၁၅ ရက် (ယနေ့) ညနေ(၄း၀၀)တွင် ရတနာပုံအသင်းနှင့် ဂျီအက်ဖ်အေ အသင်းတို့ မန္တလာသီရီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျီအက်ဖ်အေ အသင်း အနေဖြင့် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း ရတနာပုံ တိုက်စစ်ကစားသမား ဝင်းနိုင်စိုး၏ ပွဲချိန် မိနစ် ၉၀ သွင်းဂိုးကြောင့် ရတနာပုံကို အရှုံးပေးခဲ့ရပြီး အဖိုးတန် သရေတစ်မှတ်ကို လက်လွှတ်ခဲ့ရသည်။