MPT Myanmar National League II 2018 ပွဲစဉ်(၁၄) မှ မောင်းတိန်းလိုင်းယွန်း-မောရ၀တီ၊ ရွိုင်ရယ်သန်လျင်-ကချင်ယူနိုက်တက် ပွဲစဉ်မျာအား ကွင်းပြောင်းရွေှ့ ကျင်းပသွားမည်ဖြစ်

July 16, 2018

MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ရာသီိပိတ် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်သောကြောင့်  ပွဲစဉ်(၁၄) မှ မောင်းတိန်းလိုင်းယွန်း-မောရ၀တီ၊ ရွိုင်ရယ်သန်လျင်-ကချင်ယူနိုက်တက် ပွဲစဉ်မျာအား ကွင်းပြောင်းရွေှ့ ကျင်းပသွားမည်ဖြစ်ပါသည်။

ပွဲစဉ်(၁၄)တွင် မောင်းတိန်းလိုင်းယွန်း-မောရ၀တီ ပွဲစဉ်အား မူလတ်မှတ်ထားသည့်ကွင်းမှ သုဝဏ္ဏကွင်းသို့လည်းကောင်း၊ ရွိုင်ရယ်သန်လျင်-ကချင်ယူနိုက်တက် ပွဲစဉ်အား စလင်းကွင်းသို့လည်းကောင်း ပြောင်းလဲကျင်းပမည်ဖြစ်သည်။ သို့သော် ပွဲစဉ်(၁၄)မှ  ဒဂုံအက်ဖ်စီ-ယူနီဗာစတီပွဲစဉ်အား မူလသတ်မှတ်ထားသည့် ပဒုမ္မာကွင်း၌ ပုံမှန်အတိုင်းကျုင်းပသွားမည်ဖြစ်သည်။

MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရွိုင်ရယ်သန်လျင်အသင်းမှာ ရာသီမပြီးဆုံးမီ ဒုတိယနေရာမှ ဒဂုံအက်ဖ်စီအသင်းကို လေးမှတ်ဖြတ်ကာ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီဖြစ်သည်။

MPT Myanmar National League II 2018  ဆုပေးပွဲအခမ်းအနားအား ဇူလိုင်လ ၂၀ ရက်နေ့၊ ညနေပိုင်းတွင် ဒဂုံအက်ဖ်စီ-ယူနီဗာစတီပွဲစဉ်အပြီးတွင် ပဒုမ္မာကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


MNL ပွဲစဉ်တွေရဲ့  အကြောင်းအရာစုံလင်စွာသိရှိဖို့နဲ့ ပွဲစဉ်တွေရဲ့ ရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့ MPT MNL application ကို သင့်ရဲ့  ဖုန်းထဲမှာဒေါင်းလုတ်ရယူထားလိုက်ပါ။ ရယူချင်တယ်ဆိုရင် ဒီလင့်ခ်လေးမှာ https://bit.ly/2shTc5R ဒေါင်းလုတ်ရယူနိုင်သလို *3101# ကို ခေါ်ဆိုပြီးတော့လည်း ဒေါင်းလုတ်ဆွဲလို့ရပါတယ်။ Google Play Store မှာလည်း MPT MNL လို့ ရိုက်ပြီး ရှာလို့ရသေးတယ်နော်။