MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-13) ပွဲကျန် ပွဲစဉ်တစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက် အသင်းသည် ဟံသာဝတီအသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် ရန်ကုန်အသင်း၏ လူငယ်ကွင်းလယ်ကစားသမား မောင်မောင်လွင် ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။
ရန်ကုန်အသင်း ကွင်းလယ်လူ မောင်မောင်လွင်သည် စုစုပေါင်း အ၀ါကတ် ခြောက်ကတ် ပြသခံထားရပြီဖြစ်သည့်အတွက် ခြောက်ဝါ နှစ်ပွဲ ပယ်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် မောင်မောင်လွင်အနေဖြင့် ဇူလိုင် ၂၂ ရက်တွင် ကစားမည့် ဟံသာဝတီအသင်းနှင့်ပွဲစဉ်အပြင် စက်တင်ဘာ ၁၄ ရက်တွင် ကစားမည့် မြ၀တီအသင်းနှင့်ပွဲစဉ်ပါ ထပ်မံလွဲချော်မည်ဖြစ်သည်။ လက်ရှိတွင် မောင်မောင်လွင်အနေဖြင့် အသင်းအတွက် စုစုပေါင်း ရှစ်ဂိုး သွင်းယူပေးထားသည်။ ဇူလိုင် ၂၂ ရက်၊ ညနေ ၃း၃၀၊ YUSC ကွင်းတွင် ကစားမည့် ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်းတို့ ပွဲစဉ်တွင် ရန်ကုန်အသင်း ကွင်းလယ်လူ မောင်မောင်လွင်အပြင် အသင်းနောက်ခံလူ မွန်ကာလူးစ်သည်လည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်ခြင်းမရှိကြောင်း သိရသည်။
ရန်ကုန်အသင်းနှင့် ကစားမည့် ဟံသာဝတီအသင်းတွင် ပွဲပယ် ပြစ်ဒဏ် ကစားသမားကင်းစင်နေသည့်အပြင် အသင်း တိုက်စစ်မှူး ဂျိုးဇက်သည် ပွဲပယ် ပြစ်ဒဏ်ပြည့်ခဲ့ပြီဖြစ်သည့်အတွက် ရန်ကုန်အသင်းနှင့်ပွဲတွင် ပြန်လည်ပါဝင် လာမည်ဖြစ်သည်။ အဆိုပါပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် For Sports ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။