MNL I

ပွဲကျန်မှာ ပွဲခံမယ့်အသင်းတွေကို စောင့်ကြည့်သွားရဖို့ ရှိနေတဲ့ မြန်မာနေရှင်နယ်လိဂ်

By khtit

July 20, 2018

MPT Myanmar National League 2018 Week 13 ပွဲကျန် ပွဲစဉ်များ

ဒီတစ်ပတ် စနေ့၊တနင်္ဂနွေရက်တွေမှာ MPT Myanmar National League 2018 Week 13 ပွဲကျန် သုံးပွဲယှဉ်ပြိုင်ကစားသွားဖို့ရှိပြီး ဘယ်အသင်းတွေ အောင်ပွဲခံသွားမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ အစောဆုံးကစားခဲ့တဲ့ မကွေးအက်ဖ်စီ-မြ၀တီအက်ဖ်စီပွဲစဉ်မှာ မကွေးအသင်းက ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် ဆက်လက်ယှဉ်ပြိုင်မယ့် ရှမ်းယူနိုက်တက်-ဇွဲကပင်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်-ရတနာပုံအက်ဖ်စီ၊ ရန်ကုန်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက်ပွဲစဉ်တွေမှာ ဘယ်အသင်းတွေ ရလဒ်ကောင်း ဖော်ဆောင်သွားနိုင်မလဲ…။