လာမည့်နှစ် မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲသို့ ရိွုင်ရယ်သန်လျင်အသင်းနှင့် ဒဂုံအက်ဖ်စီအသင်းတို့ တန်းတက်ခွင့် ရရှိ
—————————————————————————— MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင် ၂၀ ရက်၊ ညနေပိုင်းက ပဒုမ္မာဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ပထမဆုကို ရွိုင်ရယ်သန်လျင်အသင်း၊ ဒုတိယဆုကို ဒဂုံအက်ဖ်စီအသင်း၊ တတိယဆုကို ယူနီဗာစတီအသင်းတို့က ရရှိခဲ့သည်။