မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်-ဟံသာဝတီပွဲ ဒုတိယပိုင်းအား ဆက်လက်ကစားနိုင်ခြင်းမရှိဘဲ ရွှေ့ဆိုင်းခဲ့ရ

July 22, 2018

ဇူလိုင် ၂၂ ရက်(ယနေ့) ညနေ ၃း၃၀ က YUSC ကွင်းတွင် ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီအသင်းတို့ပွဲစဉ် ပထမပိုင်းအပြီးတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒုတိယပိုင်း ဆက်လက်ကစားနိုင်ရန် အဆင်မပြေသည့်အတွက် အဆိုပါပွဲစဉ်အား ရွှေ့ဆိုင်းခဲ့သည်။

ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်းတို့ ဘောလုံးပွဲစဉ် ပထမပိုင်းအပြီးတွင် ဟံသာဝတီအသင်းမှ မာ့ခ်ဆာကီ၏ သွင်းဂိုးဖြင့် ဦး ဆောင်ထားခဲ့သည်။ ပထမပိုင်းအပြီးမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပြိုင်ပွဲကြီးကြပ်မှ တစ်နာရီတိတိ အခြေအနေ ဆက်လက်စောင့်ကြည့်ခဲ့သည်။ သို့သော် တစ်နာရီပြည့်ရာတွင် မိုးရွာသွန်းမှု အနည်းငယ် စဲခဲ့သော်လည်း ကွင်းမြက်ခင်းပြင်သည် ဒုတိယပိုင်း ဆက်လက် ကစားရန် သင့်သော်သည့်အနေအထားမရှိခဲ့သည့်အတွက် ယခုကဲ့သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ ယခု ရွှေ့ဆိုင်းခဲ့သည့် ပွဲစဉ်အား ပြန်လည်ကျင်းပမည့် ရက်၊ ကွင်းနှင့် အချိန်တို့ကို မြန်မာနေရှင်နယ်လိဂ် Facebook Page (MNL) နှင့် Official Website တို့မှ တရားဝင် ထပ်မံ သတင်းထုတ်ပြန်ပေး မည်ဖြစ်ကြောင်း အသိပေး အပ်ပါသည်။