ယူ -၂၀ လူငယ်အမှတ်ပေးပြိုင်ပွဲတွင် ISPE(B) အသင်းက ရာသီမကုန်မီ ချန်ပီယံဖြစ်ခဲ့ပြီး ဆုချီးမြှင့်ပွဲအား ဇူလိုင်လ ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်

July 26, 2018

မြန်မာနေရှင်နယ်လိဂ် မိတ်ဖက် MPT မှ ပံ့ပိုးပေးခဲ့သည့်   MPT Myanmar National League (U-20) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ISPE(B) အား/ကာသိပံ္ပလူငယ်အသင်းက ရာသီမကုန်မီ ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။

ဇူလိုင်လ ၂၈ ရက်တွင် ကျင်းပမည့် ရာသီပိတ်နောက်ဆုံးပွဲစဉ်(၁၄) တွင် ယူနီဗာစတီနှင့် ငွေကြယ်ပွင့်လေးများ၊ ရွိုင်ရယ်သန်လျင်နှင့် ကချင်ယူနိုက်တက်၊ ဒဂုံအက်ဖ်စီနှင့် ISPE(B) အသင်းတို့ တွေ့ဆုံနေပြီး ဆုပေးပွဲအခမ်းအနားကို  ဒဂုံအက်ဖ်စီ-ISPE(B) အသင်းတို့ ပွဲစဉ်အပြီး  ပဒုမ္မာကွင်း၌  ဆက်လက် ကျင်းပသွားမည် ဖြစ်ပါသည်။

ISPE(B) လူငယ်အသင်းသည် ပွဲစဉ်(၁၃)အပြီး ရမှတ် ၃၁ မှတ် ရရှိခဲ့ပြီး ဒုတိယနေရာမှ ဒဂုံအက်ဖ်စီလူငယ်အသင်းကို လေးမှတ်ဖြတ်ကာ ချန်ပီယံဆုကို နောက်ဆုံးပွဲစဉ်မတိုင်မီ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

MPT Myanmar National League (U-20) 2018 ပြိုင်ပွဲတွင် ပထမဆု ရရှိသည့်အသင်းကို ဆုကြေး ကျပ်သိန်း ၁၃၀၊  ဒုတိယရရှိသည့်အသင်းကို ဆုကြေး ကျပ် သိန်း ၇၀ နှင့်  တတိယဆုရ အသင်းကို ဆုကြေးငွေ ၃၅ သိန်းကျပ်  ချီးမြှင့်သွားမည်ဖြစ်သည်။

Week 14

၂၈-၇-၂၀၁၈

ဒဂုံအက်ဖ်စီ – ISPE(B) (ပဒုမ္မာ)- ၃း၀၀

ယူနီဗာစတီ-ငွေကြယ်ပွင့်လေးများ(ယူနီဗာစတီကွင်း)-၃း၃၀

ရွိုင်ရယ်သန်လျင်-ကချင်ယူနိုက်တက်(စလင်း)-၃း၃၀