သက်ဝေမိုး၊ ဖြိုးမင်းထိုက်တို့၏ ဂိုးများဖြင့် မြ၀တီအက်ဖ်စီအသင်း နိုင်ပွဲရရှိ

July 31, 2018

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-23) ပွဲစဉ်တစ်ပွဲအဖြစ် ဇူလိုင် ၃၁ ရက်(ယနေ့) ညနေက ကြည့်မြင်တိုင်မြို့နယ်ရှိ၊ စလင်းကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် မြ၀တီအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ မြ၀တီအက်ဖ်စီ အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

မြ၀တီအသင်းသည် ဦးဆောင်ဂိုးစတင်ရရှိရန် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ရခိုင်အသင်းဘက်သို့ ဖိအားပေးကစားခဲ့သည်။ ရခိုင်ယူ နိုက်တက်အသင်းအနေဖြင့် တိုက်စစ်ပိုင်းတွင် ဘောလုံးအပျက်များခဲ့သည်။ မြ၀တီအသင်းအတွက် ပထမဂိုးကို ပွဲချိန် ၂၅ မိနစ်တွင် သက်ဝေမိုးက ပင်နယ်တီမှတစ်ဆင့် သွင်းပေးခဲ့သည်။ မြ၀တီအသင်းအတွက် ဒုတိယနှင့် တတိယဦးဆောင်ဂိုးများကိုလည်း ပွဲချိန် ၄၁ မိနစ်နှင့် ၅၁ မိနစ်များတွင် သက်ဝေမိုးက ထပ်မံသွင်းယူပေးခဲ့သည်။ မြ၀တီအသင်းအတွက် စတုထ္ထဦးဆောင်ဂိုးကို ပွဲချိန် ၈၁ မိနစ်တွင် ဖြိုးမင်းထိုက်က သွင်းယူပေးခဲ့သည်။

မြ၀တီအသင်းသည် ယနေ့ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့်အတွက် စုစုပေါင်း ၂၁ တစ်ပွဲ ကစားအပြီး ရမှတ် ၃၄ မှတ်ဖြင့် အဆင့် ၆ နေရာသို့ တက်ရောက်နိုင်ခဲ့သည်။