MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-23) ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၁ ရက်(ယနေ့) ညနေက ကြည့်မြင်တိုင်မြို့နယ်ရှိ၊ စလင်းကွင်းတွင် မကွေးအသင်းနှင့် ဆောက်သမ်းအသင်းတို့ ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျ ခဲ့သည်။
ပွဲချိန် ၅ မိနစ်တွင် မကွေးအသင်းမှ စတင်ဦးဆောင်ဂိုးရခဲ့ပြီး အသင်းခေါင်းဆောင် မင်းကိုကိုက သွင်းယူပေးခဲ့သည်။ ဆောက်သမ်း အသင်းသည် ချေပဂိုး ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ပထမပိုင်းပြီးဆုံးချိန်ထိ မသွင်းနိုင်ခဲ့သဖြင့် ပထမပိုင်းအပြီး၌ မကွေး အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် ဆောက်သမ်းအသင်းမှ ချေပဂိုးရရှိရန် ပိုမိုဖိကစားခဲ့ပြီး ပွဲချိန် ၅၈ မိနစ်တွင် ချေပဂိုးရရှိခဲ့သည်။ အဆိုပါ ဂိုးကို အသင်းတိုက်စစ်မှူး ဇော်ဝင်းနိုင်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံး ဂိုးထပ်မံ မသွင်းနိုင်ခဲ့သည့် အတွက် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။