MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-24) ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၈ ရက်(ယနေ့) ညနေက ပဒုမ္မာကွင်းတွင် ရတနာပုံအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ကစားခဲ့ရာ တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
ပွဲစတင်သည်နှင့်တစ်ပြိုင်နက် နှစ်သင်းစလုံးမှ ဘောလုံးကို လျင်လျင်မြန်မြန်ဖြင့် တိုက်စစ်ဦးစားပေးကစားခဲ့ကြပြီး ဘောလုံးပွဲစဉ်သည် ပိုမိုမြိုင်ဆိုင်ခဲ့သည်။ ရတနာပုံအသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း နာကျင်အချိန်ပိုမိနစ်တွင် ဥက္ကာမောင်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ရတနာပုံအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ရာတွင် ရှမ်းအသင်းမှ လျင်လျင်မြန်မြန်တိုက်စစ်ဆင်ခဲ့ပြီး ဒုတိယပိုင်းစစချင်း တစ်မိနစ်တွင် ရှမ်းအသင်း တိုက်စစ်မှူး စအောင်ပြည့်ကိုက ချေပဂိုးသွင်းယူပေးခဲ့သည်။ ပွဲချိန် ၈၀ မိနစ်တွင် ရတနာပုံအသင်းမှ ဒုတိယဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး ရဲလင်းထက်က ပိတ်သွင်းယူပေးခဲ့သည်။ အဆိုပါပွဲတွင် နာကျင်အချိန်ပို ငါးမိနစ်အထိ သတ်မှတ်ပေးခဲ့ပြီး ရှမ်းအသင်းအတွက် ဒုတိယ ချေပဂိုးကို နာကျင်အချိန်ပို ၉၀+၁ မိနစ်တွင် Than Dward က သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ရတနာပုံအသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ပွဲစဉ်သည် တစ်ဖက်နှစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။
စလင်းကွင်းတွင် ကစားခဲ့သည့် ဟံသာဝတီအသင်းနှင့် ISPE(A) အသင်းတို့ပွဲစဉ်တွင် ISPE(A) မှ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး TG-1 ကွင်းတွင် ကစားခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ပွဲစဉ်သည် တစ်ဖက် သုံးဂိုးစီဖြင့် သရေကျခဲ့ သည်။