MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-25) ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၁၃ ရက်(ယနေ့)ညနေက စမ်းချောင်းမြို့နယ်ရှိ၊ ပဒုမ္မာကွင်းတွင် ဇွဲကပင် ယူ-၂၁ အသင်းနှင့် မကွေး ယူ-၂၁ အသင်းတို့ ကစားခဲ့ရာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။
မကွေးအသင်းသည် ဦးဆောင်ဂိုးစတင်ရရှိရန် ဇွဲကပင်အသင်းဘက်သို့ ဖိကစားခဲ့သော်လည်း ထိရောက်သည့် တိုက်စစ်ဆင်မှုမျိုး မဖြစ်ခဲ့ပေ။ ဇွဲကပင်အသင်းသည် မကွေးအသင်း၏ ဖိအားပေးမှုကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့သည့်အပြင် ပွဲချိန် ၃၉ မိနစ်တွင် ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ဇွဲကပင်အသင်းအတွက် ဦးဆောင်ဂိုးကို ချမ်းဝေဖြိုးက သွင်းယူပေးခဲ့သည်။ ဇွဲကပင်အသင်း၏ ဦးဆောင်ဂိုး သွင်းယူအပြီး ငါးမိနစ်အကြာတွင် မကွေးအသင်းမှ ချေပဂိုး ပြန်လည်ရရှိခဲ့ပြီး အောင်ဇော်မြင့်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးဆုံးချိန် တွင် တစ်ဖက် တစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီး နှစ်မိနစ်အကြာတွင် ဇွဲကပင်အသင်းမှ ဒုတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ချစ်ထွေးက မကွေးအသင်း နောက်ခံလူများကို ဖြတ်ကျော်ဆွဲပြေးကာ သွင်းယူသွားခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းသည် ချေပဂိုး ပြန်လည်ရရှိရန် ဖိအားပေးကစား ခဲ့သော်လည်း ဇွဲကပင်အသင်း နောက်ခံလူများမှ အကောင်းဆုံး ခုံခံကစားနိုင်ခဲ့သည်။ သို့သော် ပွဲချိန် ၇၄ မိနစ်တွင် မကွေးအသင်းမှ ဒုတိယ ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ပထမဂိုးသွင်းယူပေးထားသည့် အောင်ဇော်မြင့်မှ ထပ်မံသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
လက်ကျန် ပွဲပြီးခါနီးမိနစ်များတွင် နှစ်သင်းစလုံးမှ ဂိုးထပ်မံရရှိမည့် အခွင့်အရေးကိုယ်စီကြုံခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်သည့် အတွက် ပွဲပြီးဆုံးချိန်တွင် နှစ်ဂိုးစီ သရေကျခဲ့သည်။ ဇွဲကပင်အသင်းသည် မကွေးအသင်းထံမှ တစ်မှတ်ရယူနိုင်ခဲ့သည့်အတွက် အဆင့် ၁၁ နေရာမှ အဆင့် ၉ ထိ တက်ရောက်လာနိုင်ခဲ့သည်။
MNL Youth U-21 League 2018
Pos | Club | P | W | D | L | F | A | GD | Pts |
---|---|---|---|---|---|---|---|---|---|
1 | ISPE (A) | 20 | 17 | 2 | 1 | 43 | 9 | 34 | 53 |
2 | SUFC U-21 | 25 | 14 | 8 | 3 | 44 | 21 | 23 | 50 |
3 | Yadanarbon U-21 | 21 | 13 | 6 | 2 | 32 | 11 | 21 | 45 |
4 | Yangon United U-21 | 21 | 11 | 9 | 1 | 40 | 21 | 19 | 42 |
5 | MWD U-21 | 24 | 11 | 5 | 8 | 42 | 23 | 19 | 38 |
6 | Magwe U-21 | 23 | 10 | 7 | 6 | 40 | 32 | 8 | 37 |
7 | HUFC U-21 | 24 | 9 | 7 | 8 | 30 | 28 | 2 | 34 |
8 | RUFC U-21 | 23 | 6 | 6 | 11 | 29 | 38 | -9 | 24 |
9 | Zwekapin United U-21 | 25 | 7 | 3 | 15 | 23 | 46 | -23 | 24 |
10 | Southern Myanmar U-21 | 22 | 6 | 5 | 11 | 28 | 34 | -6 | 23 |
11 | AUFC U-21 | 24 | 6 | 5 | 13 | 30 | 42 | -12 | 23 |
12 | MFF Youth | 20 | 5 | 6 | 9 | 18 | 26 | -8 | 21 |
13 | GFA | 25 | 4 | 6 | 15 | 20 | 40 | -20 | 18 |
14 | Sagaing U-21 | 23 | 2 | 3 | 18 | 12 | 60 | -48 | 9 |