AFC Club Licensing 2018 Criteria များအား ပဏာမစစ်ဆေးရေးအဖွဲ့ (FIB) မှ စတင်စစ်ဆေး

August 13, 2018

AFC Club Licensing 2018 Criteria များအား ဖြည့်ဆည်းဆောင်ရွက်ထားသော မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ တင်ပြထားရှိမှုအပေါ် ပဏာမ စစ်ဆေးရေးအဖွဲ့( First Instant Body-FIB) မှ ယနေ့တွင် သုဝဏ္ဏဘောလုံးကွင်းရှိ မြန်မာနေရှင်နယ်လိဂ် အစည်းအဝေးခန်းမ၌ စတင်စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

ယနေ့တွင် ရှမ်းယူနိုက်တက်၊ ရတနာပုံအက်ဖ်စီ၊ ရန်ကုန်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့၏ AFC Club Licensing Criteria အချက်အလက်များကို စတင်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် MA Club Licensing Manager ဦးမိုးသွင်ထွန်း၊ Assistant Manager ဦးအောင်မျိုးဇော်၊ First Instant Body ဥက္ကဌ ဦးတင်အောင်(ဂိုး)၊ FIB အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇော်မင်းစိန်၊ ဦးမြင့်ဦး၊ ဦးမြင့်သိန်းတို့မှ အသေးစိတ် စတင်စစ်ဆေးခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၏ AFC Club Licensing Criteria အချက်အလက်များ
လိုက်နာဖြည့်ဆည်းဆောင်ရွက်ထားရှိမှုအပေါ် အာရှဘောလုံးအဖွဲ့ ချုပ်ထံ Online System ဖြင့် မတင်သွင်းမီ ဦးတင်အောင်(ဂိုး) ဦးဆောင်သည့် ပဏာမစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ အခြားမြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၏ AFC Club Licensing 2018 Criteria များအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ရာ စစ်ဆေးသွားမည့် နေ့ရက်နှင့် အချိန်တို့အား အောက်ပါအတိုင်း ထပ်မံဖော်ပြပေးလိုက်ရပါသည်။

၁၄-၈-၂၀၁၈
ဧရာဝတီယူနိုက်တက် (နံနက် ၁၁း၀၀) – MNL Meeting Room
မကွေးအက်ဖ်စီ (နံနက် ၁၁း၀၀) – MNL Meeting Room
ရခိုင်ယူနိုက်တက် (မွန်းလွဲ ၁း၀၀) – MNL Meeting Room
ဂျီအက်ဖ်အေအက်ဖ်စီ (မွန်းလွဲ ၁း၀၀) – MNL Meeting Room

၁၅-၈-၂၀၁၈
ဆောက်သမ်းမြန်မာ (နံနက် ၁၁း၀၀) – MNL Meeting Room

စစ်ကိုင်းယူနိုက်တက်(နံနက် ၁၁း၀၀) – MNL Meeting Room

ဇွဲကပင်ယူနိုက်တက် (မွန်းလွဲ ၁း၀၀) – MNL Meeting Room
မြ၀တီအက်ဖ်စီ (မွန်းလွဲ ၁း၀၀) – MNL Meeting Room

၁၆-၈-၂၀၁၈
ဒဂုံအက်ဖ်စီ (နံနက် ၁၁း၀၀) -MNL Meeting Room
ငွေကြယ်ပွင့်လေးများ (နံနက် ၁၁း၀၀)-MNL Meeting Room
ကချင်ယူနိုက်တက် (မွန်းလွဲ ၁း၀၀)- MNL Meeting Room

၁၇-၈-၂၀၁၈
မောရ၀တီအက်ဖ်စီ (နံနက် ၁၁း၀၀) – MNL Meeting Room
ယူနီဗာစတီအက်ဖ်စီ (နံနက် ၁၁း၀၀) -MNL Meeting Room
ရွိုင်ရယ်သန်လျင် (မွန်းလွဲ ၁း၀၀) – MNL Meeting Room